ငယ်ချစ်နှင့် လမ်းခွဲပြီးနောက် ချစ်သူသစ်နှင့် လူသိရှင်ကြား တွဲလာတဲ့ ဂါနာချို
===================
အလီဂျန်ဒရိုဂါနာချိုဟာ ပြီးခဲ့တဲ့နွေရာသီတုန်းက ငယ်ချစ်နှင့် လမ်းခွဲလိုက်ပြီးနောက် ချစ်သူသစ်နှင့် တရားဝင်တွဲလာပြီ ဖြစ်ပါတယ်။
ချဲလ်ဆီးစတားဟာ ရုပ်ရှင်ရုံတွင် ချစ်သူသစ် စပိန် Influencer အက်ဒရီယာနာလိုဘက်ဇ်ရဲ့ ပေါက်ပေါက်ထုတ်နှင့်ပုံအား အင်စတာဂရမ်တွင် တင်ကာ ပရိသတ်များကို အသိပေးလာတာလည်း ဖြစ်ပါတယ်။
ဂါနာချိုဟာ ပြီးခဲ့တဲ့နှစ်တုန်းက ငယ်ချစ် အီဗာဂါစီယာနှင့် လမ်းခွဲခဲ့တာ ဖြစ်ပြီး ၎င်းတို့တွင် သားတစ်ဦး ထွန်းကားထားပါတယ်။
ဂါနာချိုဟာ နွေရာသီတုန်းက ယူနိုက်တက်မှ ချဲလ်ဆီးသို့ မပြောင်းမီ ၄ နှစ်တိုင်တိုင် ချစ်ကြိုက်လာခဲ့တဲ့ အီဗာဂါစီယာနှင့် လမ်းခွဲခဲ့တာ ဖြစ်ပါတယ်။ အာဂျင်တီးနားစတားဟာ အီဗာဂါစီယာနှင့် လမ်းခွဲပြီးနောက် ဩဂုတ်လတုန်းက အမည်မသိ အမျိုးသမီးနှစ်ဦးနှင့် အတူတွေ့ခဲ့ရပါသေးတယ်။
ဂါနာချိုဟာ လိုဘက်ဇ်နှင့် ဘယ်တုန်းက တွေ့ဆုံချစ်ကြိုက်သလဲ မသိရပေမယ့်လည်း စပိန်အချောအလှလေးဟာ လန်ဒန်တွင် အတူနေထိုင်နေပြီလို့လည်း သိရပါတယ်။