ပီရူးတွင် ဒါဘီပွဲစဉ်မတိုင်မီ လူတစ်ဦးသေဆုံးပြီး လူ ၄၇ ဦး ဒဏ်ရာရရှိမှု ဖြစ်ပွား
===================
ပီရူးနိုင်ငံရဲ့ မြို့တော် လီမာရှိ ဒါဘီပွဲတစ်ပွဲမတိုင်မီ မတော်တဆမှုကြောင့် ပရိသတ်တစ်ဦးသေဆုံးပြီး လူဒါဇင်ပေါင်းများစွာ ဒဏ်ရာရရှိမှု ဖြစ်ပွားခဲ့ပါတယ်။

အစောပိုင်းတုန်းက ကွင်းရဲ့ ပွဲကြည့်စင်နှင့် နံရံပြိုကျမှုကြောင့်လို့ သတင်းထွက်ခဲ့ပေမယ့်လည်း ယင်းသတင်းမှာ ဟုတ်မှန်ခြင်း မရှိပါဘူး။ လက်ရှိအချိန်တွင် ဒေသတွင်း အာဏာပိုင်တုန်းက ပရိသတ်သေဆုံး ဒဏ်ရာရရှိမှုရဲ့အကြောင်းရင်းမြစ်ကို စုံစမ်းစစ်ဆေးနေဆဲ ဖြစ်ပါတယ်။

ပီရူးကျန်းမာရေးဝန်ကြီးဟွန်ကားလို့စ်ဗီလက်စ်ကိုဂွါရီရိုက လူတစ်ဦးသေဆုံးကြောင်း အတည်ပြုသွားသလို ပရိသတ် ၄၇ ဦး ဆေးရုံတက်နေရကာ သုံးဦးမှာ အရေးပေါ်အခြေအနေတွင် ရှိနေကြောင်း အတည်ပြုထားပါတယ်။

အိမ်ရှင်အလီယန်ဇာလီမာနှင့် ဒေသတွင်း ပြိုင်ဘက်ယူနီဗာစီတာရီယိုဒီဒီပေါ်တီတို့ရဲ့ ပွဲစဉ်မတိုင်မီ ရာပေါင်းများစွာသော ပရိသတ်များဟာ ဘောလုံးဝတ်စုံ ဝတ်ဆင်ပြီး အလံများ ဝေ့ရမ်းကာ စုစည်း ရောက်လာခဲ့ကြပါတယ်။

မီးသတ်တပ်ဖွဲ့အကြီးအကဲမာကို့စ်ပါဂျူလိုက ပြိုကျတယ်လို့ သတင်းထွက်နေတဲ့ တောင်ဘက်ပွဲကြည့်စင်ကို စစ်ဆေးခဲ့ရာတွင် ပြိုကျတဲ့လက္ခဏာမရှိဘဲ အကောင်းအတိုင်းပင် ရှိနေဆဲ ဖြစ်ကြောင်း အတည်ပြုထားပါတယ်။

ယင်းသို့ ပရိသတ်သေဆုံးမှု၊ ဒဏ်ရာရရှိမှု ဖြစ်ခဲ့ပေမယ့်လည်း ယနေ့ ကစားရန် စီစည်ထားတဲ့ပွဲကို အစီအစဉ်အတိုင်း ကစားလာပါတယ်။

image