1 ရက် - ဘာသာပြန်ပါ။

ယူနိုက်တက်နှင့် လီဗာပူးပစ်မှတ် ဒေယိုမန်ဒီအတွက် ပြောင်းရွှေ့ကြေး သတ်မှတ်လာတဲ့ ရက်ဘူးလ်လိုက်ဇစ်
=====================
ရက်ဘူးလ်လိုက်ဇစ်ဟာ လီဗာပူးနှင့် ယူနိုက်တက်တို့ အပြိုင်ပစ်မှတ်ထားနေတဲ့ ဒေယိုမန်ဒီအတွက် ပြောင်းရွှေ့ကြေး သတ်မှတ်လာပြီ ဖြစ်ပါတယ်။

Sky Sports Germany ရဲ့ ဖော်ပြလာမှုအရ လိုက်ဇစ်ဟာ တောင်ပံကစားသမားအတွက် ပြောင်းရွှေ့ကြေး ယူရိုသန်း ၁၀၀ (ပေါင် ၈၇.၃ သန်း) သတ်မှတ်လာကြောင်း သိရပါတယ်။

ဘွန်ဒက်စ်လီဂါကလပ်ဟာ ဆယ်ကျော်သက်ကစားသမားကို နောက်ထပ် တစ်ရာသီ ဆက်ထိန်းထားလိုပေမယ့်လည်း ယူရိုသန်း ၁၀၀ ရရှိလာပါက ရောင်းချရန် တံခါးဖွင့်ပေးလာတာလည်း ဖြစ်ပါတယ်။

တဖက်တွင် လိုက်ဇစ်ဟာ အသက် ၁၉ နှစ်ရှိ ကစားသမားကို လုပ်ခတိုးမြှင့်ပြီး စာချုပ်သစ်ချုပ်ဆိုနေကာ စာချုပ်အတွင်းတွင် စာချုပ်ဖျက်သိမ်းကြေး ထည့်သွင်းချုပ်ဆိုလာမှာ မဟုတ်ပါဘူး။

လီဗာပူးဟာ နွေရာသီတွင် ထွက်ခွာမယ့် ဆာလက်နေရာတွင် အစားထိုးရန် တောင်ပံကစားသမား ၂ ဦးအထိ ခေါ်ယူလာမှာ ဖြစ်ပြီး အိုင်ဗရီကို့စ်လက်ရွေးစင်အား ခေါ်ယူရေး စိတ်ဝင်စားနေကာ အေးဂျင့်များနှင့်လည်း ဆက်သွယ်မှု ပြုလုပ်ထားပြီး ဖြစ်ပါတယ်။

ဒါ့အပြင် ယူနိုက်တက်လည်း နွေရာသီတွင် တိုက်စစ်ကို အားဖြည့်လိုနေပြီး ဒေယိုမန်ဒီမှာ ၎င်းတို့ဝယ်ယူရန် လျာထားတဲ့ စာရင်းတွင် ပါဝင်နေပါတယ်။

တကယ်တော့ ယန်ဒေယိုမန်ဒီကို ခေါ်ယူဖို့ စိတ်ဝင်စားနေတာ လီဗာပူးနှင့် ယူနိုက်တက်တို့သာ မဟုတ်ပါဘူး။ ပီအက်စ်ဂျီ၊ ဘိုင်ယန်မြူးနစ်နှင့် စပါးစ်တို့ကလည်း စိတ်ဝင်စားနေပါတယ်။

ယန်ဒေယိုမန်ဒီဟာ ယခုရာသီတွင် လိုက်ဇစ်အတွက် ပြိုင်ပွဲအရပ်ရပ် ၂၉ ပွဲကစားထားရာမှာ ၁၁ ဂိုးသွင်းပြီး ၈ ကြိမ် ဖန်တီးထားပါတယ်။

image