၂ဝ၂၆ ခုနှစ် နွေရာသီအခြေခံအားကစားသင်တန်းများ သင်တန်းဆင်းပွဲနှင့် ဝန်ကြီးချုပ်ဖလား ၈ ခရိုင်ဘောလုံးပြိုင်ပွဲဖွင့်ပွဲကျင်းပ


၂ဝ၂၆ ခုနှစ် ၊ နွေရာသီအခြေခံအားကစားသင်တန်းများ သင်တန်းဆင်းပွဲနှင့် ဝန်ကြီးချုပ်ဖလား ၈ ခရိုင်ဘောလုံးပြိုင်ပွဲဖွင့်ပွဲကို ဧပြီ ၃ ရက်(ယနေ့)တွင် ပုသိမ်မြို့၊ကိုးသိန်း အားကစားကွင်း၌ ကျင်းပခဲ့သည်။

ယခုနှစ်ဖွင့်လှစ်ခဲ့သည့် နွေရာသီအခြေခံ သင်တန်းအားကစားနည်း (၂၀)မျိုးတွင် သင်တန်းသား/သင်တန်းသူ (၉၄၀)ဦး ၊ နည်းပြ(၆၀)ဦးဖြင့် စုစုပေါင်း(၁၀၀၀)ဦးနှင့် ဖွင့်လှစ်နိုင်ခဲ့ကြောင်း သိရသည်။

တိုင်းဒေသကြီးအားကစားဖွံ့ဖြိုးတိုးတက်ရေးအတွက် ရေကူး၊ လက်ဝှေ့ ၊ ပြေးခုန်ပစ် ၊ ရိုးရာခြင်း ၊ ကရာတေးဒို ၊ ဝူရှူး ၊ ကြက်တောင် ၊ စစ်တုရင် ၊ စက်ဘီး စသည့် အားကစားနည်းများကို လည်း မျိုးဆက်သစ်များ ပေါ်ထွက်လာစေရေး ရည်ရွယ်၍ ယခု သင်တန်းမှာ ထည့်သွင်းဖွင့်လှစ်ခဲ့ကြောင်း သိရသည်။

ရေကူး အားကစားနည်းအနေဖြင့် ယခုသင်တန်းတွင် သင်တန်းသား/သင်တန်း သူ (၂၅၀)ဦး ၊ လက်ဝှေ့ (၄၀)ဦး ၊ ပြေးခုန်ပစ် (၄၀)ဦး ၊ ရိုးရာခြင်း (၂၀)ဦး ၊ ကရာတေးဒို (၅၀)ဦး၊ ဝူရှူး(၆၀)ဦး၊ ကြက်တောင် (၁၂၀)ဦး၊ ပိုက်ကျော်ခြင်း(၅၀)ဦး၊ စစ်တုရင် (၂၅)ဦး၊ စက်ဘီး (၂၅)ဦး ၊ ဘော်လီဘော(၅၀)ဦး ၊ တိုက်ကွမ်ဒို(၃၅)ဦး၊ ဘောလုံး (၂၂၀)ဦး တို့က စိတ်ဝင်စားစွာဖြင့် တက်ရောက်ကြကြောင်း သိရသည်။

ထို့ပြင် ၂၀၂၆-၂၀၂၇ ဘဏ္ဍာနှစ် အတွင်း အခြားသင်တန်းများဖြစ်သည့်ဗုဒ္ဓဘာသာယဉ်ကျေးလိမ္မာသင်တန်း ကွန်ပျူတာအခြေခံ သင်တန်း၊ အသက်မွေးသင်တန်းများဖြစ်သည့် လူသုံးကုန်ပစ္စည်း ထုတ်လုပ်မှုသင်တန်း ၊ စားသောက်ကုန် ထုတ်လုပ်မှုသင်တန်းနှင့် စက်မှုလက်မှုသင်တန်း၊ အခြေခံလျှပ်စစ်သင်တန်းနှင့် လျှပ်စစ် သွယ်တန်းမှု သင်တန်းများကိုလည်းဖွင့်လှစ်ပေးနိုင်ရေးလုပ်ဆောင်နေကြောင်း လူမှုရေးဝန်ကြီး ဦးခင်မောင်ကြည်က ပြောသည်။

နွေရာသီအခြေခံအားကစားသတင်တန်းများကို မတ်လ ၃ ရက်မှ ဧပြီလ ၃ ရက်အထိ တစ်လကြာကျင်းပနိုင်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

image