ထရမ့်ပ်ကခြိမ်းခြောက်ပြီးနောက် နေတိုးအကြီးအကဲ ဝါရှန်တန် သွားမည်

နေတိုးအဖွဲ့အတွင်းရေးမှူးချုပ် မာ့ခ်ရွတ်တေးသည် လာမည့်သီတင်းပတ်တွင် ဝါရှင်တန်သို့ သွားရောက်မည်ဖြစ်ပြီး အချိန်အတော်ကြာကတည်းက စီစဉ်ထား သောခရီးစဉ်ဟု စစ်ရေးမဟာမိတ်အဖွဲ့ ပြောရေးဆိုခွင့်ရှိသူကပြောဆိုသော ထိုခရီးစဉ်သည် အီရန်စစ်ပွဲအပေါ် သဘောထားကွဲလွဲမှုများနှင့် ပတ်သက်၍ ဥရောပမဟာမိတ်များကို သမ္မတ ဒေါ်နယ်ထရမ့်ပ်က ဝေဖန်ခဲ့ပြီးနောက် ပေါ်ပေါက်လာခြင်းဖြစ်သည်။

အတွင်းရေးမှူးချုပ်သည် ကာလ အတန်ကြာကပင်စီစဉ်ထားသော ခရီးစဉ်အတွက် လာမည့် ရက်သတ္တပတ်၌ ဝါရှင်တန်ဒီစီ တွင် ရောက်ရှိနေမည်ဟု ကျွန်တော်အတည်ပြုနိုင်ပါသည် ဟု နေတိုးအဖွဲ့ ပြောရေးဆိုခွင့်ရှိသူ အယ်လီဆန်ဟတ်က ပြောကြားခဲ့သည်။ အိမ်ဖြူတော်အရာရှိတစ်ဦးကလည်း ခရီးစဉ်ကို အတည်ပြုခဲ့သည်။

ဟော်မုဇ်ရေလက်ကြား ပြန်ဖွင့်ရေးတွင် ဥရောပနိုင်ငံများက စစ်သင်္ဘောများ ကို စေလွှတ်ပေးရန် ငြင်းဆိုခဲ့မှုကြောင့် အနောက်တိုင်းစစ်ရေးမဟာမိတ်အဖွဲ့မှ အမေရိက သည် နုတ်ထွက်ရန် စဉ်းစားနေကြောင်း ထရမ့်ပ်က ပြောကြားခဲ့သည်။

ဧပြီလ ၁ ရက်နေ့က အိမ်ဖြူတော်တွင် အီစတာနေ့လည်စာစားပွဲအတွက် စုဝေးရောက်ရှိနေသော မဟာမိတ်များကို မိန့်ခွန်းပြောကြားရာ၌ ပြင်သစ်နှင့် ယူနိုက်တက်ကင်းဒမ်းအပါအဝင် အခြားအမေရိကမဟာမိတ်များကို စက္ကူကျားအဖြစ် ထရမ့်ပ်က ဝေဖန်ခဲ့သည်။

ဆိုဗီယက်၏ တိုက်ခိုက်လာနိုင်ခြေကို တန်ပြန်ရန် ရည်ရွယ်လျက် ဥရောပနိုင်ငံများ၊ အမေရိကနှင့် ကနေဒါတို့ပါဝင်သော နေတိုးအဖွဲ့ကို ၁၉၄၉ ခုနှစ်တွင် ဖွဲ့စည်းခဲ့ပြီး ထိုအချိန်မှစ၍ အနောက်တိုင်း၏ လုံခြုံရေးအုတ်မြစ်ဖြစ်ခဲ့သည်။

Ref: သယ်စထရိတ်တိုင်းမ်စ်

image