ပြည်သူ့စစ်မှုထမ်းဥပဒေကို ပြင်ဆင်သည့်ဥပဒေ ထုတ်ပြန်

အမျိုးသားကာကွယ်ရေးနှင့်လုံခြုံရေးကောင်စီက ပြည်သူ့စစ်မှုထမ်းဥပဒေကို ပြင်ဆင်သည့် ဥပဒေ (ဥပဒေအမှတ် ၅၁/၂၀၂၆) ကို ၂၀၂၆ ခုနှစ် ဧပြီ ၂ ရက်တွင် ထုတ်ပြန်လိုက်သည်။

အဆိုပါဥပဒေကို ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် ဖွဲ့စည်းပုံအခြေခံဥပဒေ ပုဒ်မ ၄၂၇ အရ ပြဋ္ဌာန်းခဲ့ခြင်းဖြစ်ပြီး “ပြည်သူ့စစ်မှုထမ်းဥပဒေကို ပြင်ဆင်သည့်ဥပဒေ” ဟု ခေါ်တွင်သတ်မှတ်ထားသည်။

ပြည်သူ့စစ်မှုထမ်းဥပဒေ ပုဒ်မ ၂ ပုဒ်မခွဲ(စ) ပုဒ်မခွဲငယ်(၃)၏နောက်တွင် ပုဒ်မခွဲငယ်(၄)ကို အောက်ပါအတိုင်း ဖြည့် စွက်ရမည်ဖြစ်သည်။

အစ္စလာမ်ဘာသာအတွက်ဖြစ်လျှင် မော်လဝီ၊ ဟာဖိဇ်၊ အီမန်အပါအဝင် သက်ဆိုင်ရာ အစ္စလာမ်ဘာသာရေးအဖွဲ့ကြီးက အသိအမှတ်ပြုလက်မှတ် ကိုင် ဆောင်ထားသည့် အစ္စလာမ်ဘာသာသာသနာ့ဝန်ထမ်းဟု ဖြည့်စွက်ရမည်ဖြစ် ကြောင်းသိရသည်။

ပြည်သူ့စစ်မှုထမ်းဥပဒေ ပုဒ်မ ၈ တွင်ပါရှိသော “ရပ်ကွက် သို့မဟုတ် ကျေးရွာအုပ်စု အေးချမ်းသာယာရေးနှင့် ဖွံ့ဖြိုးရေးကောင်စီ” ဆိုသည့်စကားရပ်ကို “သက်ဆိုင်ရာ ရပ်ကွက် သို့မဟုတ် ကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူးသည်´´ဟူသည့် စကားရပ်ဖြင့် အစားထိုးရမည်ဖြစ်သည်။

အဆိုပါဥပဒေကို ယာယီသမ္မတ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က လက်မှတ်ရေးထိုး ထုတ်ပြန်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

image