စစ်ဘေးရှောင်သံဃာတော်များနှင့် ဘုန်းကြီးကျောင်းများအတွက် အလှူငွေများလှူဒါန်း

စစ်ကိုင်းတိုင်းရှိ ကသာ၊ အင်းတော်၊ ကောလင်း၊ ပင်လည်ဘူး၊ ခင်ဦး၊ ကျွန်းလှတို့မှ စစ်ဘေးရှောင်နေကြရသည့် သံဃာတော်များနှင့် ဘုန်းတော်ကြီးကျောင်းများအား ထိုင်ဝမ်နိုင်ငံအခြေစိုက် "ထိုင်ဝမ်နိဗ္ဗာနအဖွဲ့ကြီး" မှ တစ်ကျောင်းလျှင် ငွေကျပ်သိန်း(၃၀)စီကို မတ် ၃၀ ရက်ကလှူဒါန်းခဲ့သည်။

IBEC ဆရာတော်မှအကျိုးဆောင်၍ "ထိုင်ဝမ်နိဗ္ဗာနအဖွဲ့ကြီး"က စစ်ဘေးရှောင် ဆရာတော်၊ သံဃာတော်များထံသို့ ဆွမ်းဆန်တော်နှင့် ဆီအတွက် ငွေကျပ်သိန်း(၂၀) နှင့် နဝကမ္မဝတ္ထုငွေကျပ်(၁၀)သိန်းတို့ကိုလှူဒါန်းခဲ့ကြသည်။

image