မန်စီးတီးအသင်းခေါင်းဆောင်အား အလွတ်ပြောင်းရွှေ့ကြေးဖြင့် ခေါ်ယူနိုင်ရန် ဘာစီလိုနာ အခြေအနေကောင်းနေ
====================
ဘာစီလိုနာဟာ မန်စီးတီးအသင်းခေါင်းဆောင်ဘာနာဒိုဆေးလ်ဗားအား အလွတ်ပြောင်းရွှေ့ကြေးဖြင့် ခေါ်ယူရေး ရှေ့ဆုံးမှ ဦးဆောင် လုပ်ဆောင်နေပါတယ်။

ပေါ်တူဂီလက်ရွေးစင်ကစားသမားဟာ ယခုရာသီအကုန်တွင် မန်စီးတီးနှင့် စာချုပ်သက်တမ်းကုန်ဆုံးလာမှာ ဖြစ်ပြီး ကိုးနှစ်ကြာ ကစားလာခဲ့တဲ့ အီတီဟတ်ကို စွန့်ခွာတော့မယ်လို့ ယုံကြည်ရသူလည်း ဖြစ်ပါတယ်။

ဘာနာဒိုဆေးလ်ဗားဟာ အင်္ဂလန်တွင် ဆယ်စုနှစ်တစ်ခုနီးပါး နေထိုင်ခဲ့တာ ဖြစ်ပြီး နူးကမ့်သို့ ပြောင်းရွှေ့လာမည်ဆိုပါက မွေးရပ်မြေပေါ်တူဂီနှင့် နီးကပ်စွာ နေထိုင်လာနိုင်ပါမယ်။

ဆေးလ်ဗားဟာ ကစားသမားဘဝစတင်ရာ ဘင်ဖီကာတွင်ပင် ကစားသမားဘဝ အဆုံးသတ်လိုနေပေမယ့်လည်း အခြားဥရောပထိပ်သီးကလပ်တစ်ခုတွင် ကျင်လည်ပြီးမှ ပေါ်တူဂီသို့ ပြန်လိုနေပါတယ်။

ဘာစီလိုနာနည်းပြဟန်ဆီဖလစ်ဟာ လူငယ်တဲ့ သူ့အသင်းတွင် အသက် ၃၁ နှစ်ရှိ ဆေးလ်ဗားအား အားဖြည့်နိုင်ပါက လူငယ်နှင့် ဝါရင့်ကစားသမားများအား အချိုးကျပေါင်းစပ်လာနိုင်ကာ အသင်းအတွက် အကျိုးရှိလာမယ်လို့ ယုံကြည်နေပါတယ်။

ပီအက်စ်ဂျီနှင့် ဂျူဗင်တပ်တို့ကလည်း ဘာနာဒိုဆေးလ်ဗားကို ခေါ်ယူလိုနေကြပြီး တူရကီကလပ်များကလည်း ခေါ်ယူလိုနေပါသေးတယ်။

ဘာစီလိုနာဟာ ဘာနာဒိုဆေးလ်ဗားကို အလွတ်ပြောင်းရွှေ့ကြေးဖြင့် ခေါ်ယူနိုင်မည်ဆိုပါကလည်း တစ်ပတ်လုပ်ခ ပေါင် ၃၀၀၀၀၀ အထိ အသုံးပြုလာရပါမယ်။

တဖက်တွင် ဘာစီလိုနာဟာ ယူနိုက်တက်မှ အငှားဖြင့် လာရောက်ကစားနေတဲ့ မားကပ်စ်ရက်ဖို့ဒ်ကိုလည်း ပေါင် ၂၆ သန်းဖြင့် အပြီးသတ်ခေါ်ယူရေး လုပ်ဆောင်နေပါတယ်။

image