ထရမ့်ပ်က အီရန်စစ်ပွဲမှ အကွက်လှလှ ဖြင့်နောက်ဆုတ်ခဲ့

ဝါရှင်တန်--နိုင်ငံတကာဈေးကွက်နှင့် တစ်ကမ္ဘာလုံးသည် အမေရိကန် သမ္မတ ဒေါ်နယ်ထရမ့်ပ်၏ ရုတ်ခြည်း လမ်းကြောင်း ပြောင်းပြန်လှန်မှုများနှင့် ကျင့်သားရလာခဲ့ကြသော်လည်း တနင်္လာနေ့တွင် အီရန်စစ်ပွဲမှ နောက်ဆုတ်သည့် လုပ်ကွက်မှာမူ သူ၏ အလှပဆုံး အံ့မခန်း လုပ်ကွက် ဖြစ်သည်။

ယမန်နှစ် အာဏာရလာချိန်မှစ၍ ထရမ့်ပ် သည် "အာရုံသိဖြင့်အုပ်ချုပ်ခြင်း" ကို ပွင့်ပွင့်လင်းလင်း လုပ်‌ဆောင်ခဲ့သည်။

အရှေ့အလယ်ပိုင်း ပဋိပက္ခတွင် သူသည် ပန်းတိုင်များ၊ အချိန်ဇယားများနှင့်ပတ်သက်သည့် အမြီးအမောက်မတည့်သော စကားများကို အလုံးအရင်းဖြင့်ပြောပြီး မတ်လ ၁၃ ရက်နေ့မှာ စစ်ပွဲအဆုံးသတ်တော့မည်ဟု စိတ်အထင်ဖြင့် ကြေညာခဲ့သည်။

ထရမ့်ပ်သည် ခုတမျိုး တော်ကြာ တမျိုး ပြောရာတွင် ကျွမ်းကျင်ပိုင်နိုင်သူဖြစ်သည်။ ထို့ကြောင့် သူ့တွင် ဗျူဟာရှိမရှိ သို့မဟုတ် အမြဲလိုလို တီထွင်ကြံဆထားခြင်း ရှိမရှိကို သိရှိရန်ခက်ခဲသည်" ဟု ဝါရှင်တန်ရှိ အမေရိကန်တက္ကသိုလ် မှ နိုင်ငံတကာဆက်ဆံရေး ပါမောက္ခ ဂါရက် မာတင်က ပြောကြားခဲ့သည်။

ဤသို့ ‌ရှေ့နောက် မညီညွတ်မှုများသော်လည်း များသောအားဖြင့် ပုံစံတကျဖြစ်သည်။ ရီပတ်ဘလီကန်သမ္မတ ထရမ့်ပ်၏ စတိုင်မှာ နိုင်ငံတကာ အသိုက်အဝန်းကို ထိတ်လန့်စေသည့် ရာဇသံများဖြင့် မကြာခဏ ဆိုသလို စီးပွားရေးဆိုင်ရာ၊ သံတမန်ရေးဆိုင်ရာ သို့မဟုတ် စစ်ရေးဆိုင်ရာ ခြိမ်းခြောက်မှုများကို ထုတ်ပြန်လေ့ရှိသည့် စတိုင်ပင်ဖြစ်သည်။

image