လပွတ္တာ-မြောင်းမြကားလမ်း မိုင်တိုင် (၂) နှင့် (၃)အကြားတွင် လပွတ္တာဘက်သို့မောင်းနှင်လာသော Toyota Townace အဖြူရောင်ယာဥ်သည် လမ်းဘေးရှိ ကျွန်းပင်အား ဝင်တို_က်မှု ဖြစ်ပွား

၂၀၂၆ မတ် ၃၀ ရက်၊ မွန်းလွဲ ၃နာရီခွဲခန့်တွင် လပွတ္တာမြို့နယ်အတွင်း၊ လပွတ္တာ-မြောင်းမြကားလမ်း မိုင်တိုင် (၂) နှင့် (၃)အကြား၊ ကြာကန်ကျေးရွာမှ လပွတ္တာသို့မောင်းနှင်လာသော Toyota Townace အဖြူရောင် ယာဥ်သည် လမ်းဘေးရှိ ကျွန်းပင်အား ဝင်တို_က်မှု ဖြစ်ပွားခဲ့ကြောင်း သိရသည်။

အဆိုပါအခင်းဖြစ်နေရာတွင် လူတစ်ဦးညပ်နေကြောင်း၊ လပွတ္တာခရိုင် မီးသတ်စခန်းသို့ သတင်းပေးပို့သဖြင့် လပွတ္တာခရိုင်မီးသတ်စခန်းမှ လ/ထ ညွှန်မှူး ဦးကျော်မျိုးမြင့် ဦးစီး သန္ဓေ (၁၅)ဦးနှင့် အရန်(၁၀) ဦးတို့သည် မီးငြှိမ်းသတ်ယာဥ် (၁)စီး၊သူနာတင်ယာဥ် (၁)စီးဖြင့် ထွက်ခွာ၍ ကူညီကယ်ဆယ်ရေးလုပ်ငန်းများ ဆောင်ရွက်ခဲ့ရာ (၄)နာရီခန့်တွင် ပြီးစီးသွားခဲ့ကြောင်း သိရသည်။

ယင်းဖြစ်စဥ်ကြောင့် ယာဥ်မောင်းဖြစ်သူ အသက်(၅၆)နှစ်အရွယ်ရှိ ဦးအောင်သူ (ဘ) ဦးမောင်ပိုက် သည် ဝဲခြေခုံကွဲ (မစိုးရိမ်ရ)ဒဏ်ရာအား နှလုံးသားလူမှုကူညီရေးအသင်းလူနာတင်ယာဥ်ဖြင့် လပွတ္တာမြို့နယ် (၃)မိုင် ကုတင် (၂၀၀) ပြည်သူ့ဆေးရုံသို့ ပို့ဆောင်ခဲ့ကြောင်း သိရသည်။

image