ရေတပ်အကြီးအကဲ ‌ေ-သဆုံးကြောင်း အီရန် အတည်ပြု


အစ္စလာမ်မစ်တော်လှန်ရေးအစောင့်တပ် ရေတပ်မှူး အလီရီဇာ တန်စီရီသည် ပြင်းထန်သော ဒဏ်ရာများရရှိခဲ့ပြီးနောက် သေဆုံးခဲ့ကြောင်း အီရန်အစိုးက အတည်ပြုခဲ့သည်ဟု အစာင့်တပ်၏ သတင်းထုတ်ပြန်ချက်ကို အခြေခံ၍ အီရန်မီဒီယာများက သတင်းဖော်ပြခဲ့သည်။

တိကျပြီး ‌ေ-သစေလောက်သော စစ်ဆင်ရေးတစ်ခုတွင် အစ္စရေးကာကွယ်တပ်ဖွဲ့(အိုင်ဒီအက်ဖ်) သည် အီရန် ရေတပ်မှူး တန်စီရီနှင့် အကြီးတန်းရေတပ်ကွပ်ကဲမှု အရာရှိများကို ရှင်းလင်းနိုင်ခဲ့သည်ဟု အစ္စရေးကာကွယ်ရေးဝန်ကြီး အစ္စရေးကတ်ဇ်က မတ်လ ၂၆ ရက်နေ့တွင် ပြောကြားခဲ့သည်။

တန်စီရီသည် ဟော်မုဇ်ရေလက်ကြားဖြတ်သန်းခွင့် ပိတ်ပင်ထားသော ဗုံးကြဲတို_က်ခို_က်မှုများတွင် တာဝန်ရှိသူဖြစ်ကြောင်း ကတ်ဇ်က ပြောဆိုသည်။

အစ္စရေးစစ်တပ်သည် တနင်္လာနေ့တွင် အီရန်အပေါ် တိုက်ခိုက်မှုလှိုင်းအသစ် စတင်ခဲ့ပြီး တေရန်မြို့တော်တစ်ဝန်းရှိ စစ်ရေးအခြေခံအဆောက်အအုံများကို တို_က်ခို_က်နေကြောင်းနှင့် မြို့တော်တွင် ပေါ_က်ကွဲသံများ ကြားခဲ့ရကြောင်း ပြောကြားခဲ့သည်။

နိုင်ငံမြောက်ပိုင်း တက်ဘရစ်ဇ်ရှိ ရေနံဓာတုစက်ရုံတစ်ခုသည် လေကြောင်းတို_က်ခို_က်မှုကြောင့် ပျ_က်စီးပြီး မီးလေ_ာင်သဖြင့် မီးသတ်သမားများက ငြှိမ်းသတ်ခဲ့ကြောင်း အီရန်နိုင်ငံပိုင်မီဒီယာများက ဖော်ပြခဲ့သည်။

Ref: Asharq Al-Awsat

image