စစ်ကိုင်းသင်္ကြန်ပွဲတော် ကျင်းပရေးကြိုတင်ပြင်ဆင်
စစ်ကိုင်းမြို့တွင် မြန်မာ့ရိုးရာ အတာသင်္ကြန်ပွဲတော်ကို စည်ကားစွာကျင်းပနိုင်ရေး ကြိုတင်ပြင်ဆင်လျက်ရှိသည်။
စစ်ကိုင်းမြို့ (ဗဟို)သင်္ကြန်မဏ္ဍပ် ကို ကမ်းနားလမ်း ဗျူးပွိင့်အနီးတွင် တည်ဆောက်လျက်ရှိပြီး လမ်းလျှောက်သင်္ကြန်ကို ကမ်းနားလမ်းတွင် ကျင်းပသွားမည်ဖြစ်သည်။
ဗဟိုမဏ္ဍပ်တွင် နေ့စဉ် နံနက်ပိုင်းနှင့်ညနေပိုင်းတို့တွင် ဌာနဆိုင်ရာများနှင့် ရပ်ကွက်များမှ ယိမ်းအဖွဲ့များ၊ ဂီတအနုပညာရှင်များမှ သီဆိုကပြဖျော်ဖြေမည်ဖြစ်ပြီး လာရောက်ကြသည့် ပြည်သူများအား စတုဒီသာများဖြင့် ဧည့်ခံကျွေးမွေးသွားမည်ဖြစ်သည်။
စစ်ကိုင်းမြို့ မြန်မာ့ရိုးရာ အတာသင်္ကြန်ပွဲတော်ကို လမ်း လျှောက်သင်္ကြန်၊ သနပ်ခါးသင်္ကြန်များဖြင့် စည်ကားသိုက်မြိုက်စွာ ကျင်းပဆောင်ရွက်သွားမည်ဖြစ်သည်။
ကြိုတင် ပြင်ဆင်ဆောင်ရွက်နေမှုများကို စစ်ကိုင်းခရိုင်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီ ဥက္ကဋ္ဌ ဦးထွန်းထွန်းဝင်းနှင့် တာဝန်ရှိသူများက လိုက်လံကြည့်ရှု့စစ်ဆေးခဲ့ပြီး လိုအပ်သည်များကို ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။