အင်္ဂလန်စတားများစွာ နုတ်ထွက်သွားမှုအပေါ် သောမတ်စ်တူချယ် ဒေါသထွက်ခြင်းမရှိ
===================
အင်္ဂလန်နည်းပြသောမတ်စ်တူချယ်က ယနေ့ည ဂျပန်နှင့် ခြေစမ်းပွဲမတိုင်မီ အင်္ဂလန်အသင်းမှ ကစားသမားများစွာ နုတ်ထွက်သွားမှုအပေါ် ဒေါသထွက်ခြင်း မရှိကြောင်း ပြောကြားလာပါတယ်။

နိုနီမာဒူကီ၊ ဒီကလန်ရိုက်စ်၊ ဘူကာယိုဆာကာ၊ ဂျွန်စတုန်းနှင့် အဒမ်ဝါတွန်တို့မှာ ဥရုဂွေးနှင့် တစ်ဂိုးစီသရေကျတဲ့ပွဲအပြီးတွင် အင်္ဂလန်အသင်းမှ နုတ်ထွက်သွားခဲ့ကြပါတယ်။

ဒါပေမယ့် ဒိုမီနစ်ကယ်ဗတ်လီဝင်း၊ ဖီကာယိုတိုမိုရီနှင့် အေရွန်ရမ်‌ဒေးလ်တို့မှာလည်း ဂျပန်နှင့်ပွဲကို လွဲချော်လာကြပါတယ်။

အင်္ဂလန်အသင်းဟာ မေလ ၃၀ ရက်နေ့ ကမ္ဘာ့ဖလားပြိုင်ပွဲအတွက် အပြီးသတ် လူစာရင်း မဝင်ကြေညာမီ နောက်ဆုံးအကြမ် စခန်းသွင်းလေ့ကျင့်ခန်းဆင်းနေတာပါ။

တူချယ်ဟာ ဥရုဂွေး၊ ဂျပန်တို့နှင့် ကစားရမယ့် ခြေစမ်းပွဲ ၂ ပွဲအတွက် ကစားသမား ၃၅ ဦးအထိ ရွေးချယ်ခဲ့တာလည်းပါ။

ဂျာမန်လူမျိုးနည်းပြဟာ ကစားသမားများကို အုပ်စုနှစ်စုခွဲပြီး လေ့ကျင့်ခန်းဆင်းစေခဲ့ပါတယ်။

တူချယ်က "ပြီးခဲ့တဲ့ရာသီတုန်းကထက် ပွဲပိုကစားရတဲ့ ကစားသမားတွေ ဒီစခန်းမှာ ရှိနေတယ်။ ဒီတော့ အနည်းငယ်စိုးရိမ်ရတယ်။ ကစားသမားတွေအနေနဲ့ ဘောလုံးနဲ့ စိတ်ရော ကိုယ်ပါ ဝေးကွာပြီး နားဖို့ လိုတယ်။ စခန်းသို့ ပြန်လာချိန်မှာ ဒီစွမ်းအင်တွေုကိ မြင်ရနိုင်တယ်။ ပတ်ဝန်းကျင်သစ်နဲ့ ပြန်ဆက်သွယ်နိုင်တယ်။ ကျွန်တော်တို့က သူတိ့ကို ကလပ်မှာ ခြေစွမ်းပြစေချင်တယ်။ ဒါပေမယ့် တဖက်မှာ ဒါက အမေရိက မသွားမီ ကျွန်တော်တို့ရဲ့ နောက်ဆုံးစခန်းသွင်းလေ့ကျင့်မှုပါ။ ကစားသမားတွေကို ကျွန်တော်တို့ရဲ့ ပင်မတွေနဲ့ ပြန်လည်ချိတ်ဆက်စေချင်တယ်။ စိတ်ပျက်ရတယ်။ ဒါပေယ့် မအံ့ပါဘူး။ ဒေါသမထွက်ပါဘူး"လို့ ပြောကြားသွားပါတယ်။

၂၀၂၆ ကမ္ဘာ့ဖလားပြိုင်ပွဲကို ဇွန်လ ၁၁ ရက်နေ့မှ ဇူလိုင်လ ၁၉ ရက်နေ့အထိ အမေရိကန်၊ မက္ကဆီကိုနှင့် ကနေဒါတို့တွင် ကျင်းပလာပါမယ်။

အင်္ဂလန်ဟာ ဇွန်လ ၁၈ ရက်နေ့တွင် ခရိုအေးရှားနှင့် အဖွင့်ပွဲကစားရမှာ ဖြစ်ပြီး ဇွန်လ ၂၃ ရက်နေ့တွင် ဂါနာနှင့်လည်းကောင်း၊ ဇွန်လ ၂၇ ရက်နေ့တွင် ပနားမားနှင့်လည်းကောင်း အုပ်စုပွဲများ ကစားရပါမယ်။

image