ဇနီးသည်ကောလင်းရဲ့ အသက် ၄၀ နှစ်ပြည့် မွေးနေ့အား ပေါင်သန်း ၂၀ တန် နေအိမ်တွင် ကြီးကျယ်ခမ်းနားစွာ ကျင်းပရန် ဝိန်းရွန်းနီ စီစဉ်နေ
=====================
ယူနိုက်တက်နှင့် အင်္ဂလန်ဂန္ထဝင်တိုက်စစ်မှူးဝိန်းရွန်းနီဟာ ဇနီးသည် ကောလင်းရဲ့ အသက် ၄၀ နှစ်ပြည့် မွေးနေ့အား နေအိမ်တွင် ကြီးကျယ်ခမ်းနားစွာ ကျင်းပရေး လုပ်ဆောင်နေပါတယ်။
ဝိန်းရွန်းနီဟာ ကောလင်းရဲ့ အသက် ၄၀ နှစ်ပြည့်မယ့် လာမယ့် သောကြာနေ့တွင် မိသားစု၊ သူငယ်ချင်းများနှင့်အတူ ကြီးကျယ်ခမ်းနားတဲ့ မွေးနေ့ပွဲ ကျင်းပရန် စီစဉ်ထားတာပါ။
အလုပ်သမားများဟာ ပြီးခဲ့တဲ့အပတ်မှ စတင်ကာ ချီရှိုင်းယားရှိ ပေါင်သန်း ၂၀ တန် နေအိမ်သို့ ရောက်လာကာ ပြင်ဆင်မှု ပြုလုပ်ခဲ့ကြတာ ဖြစ်ပြီး မနေ့တုန်းက အပြင်ဘက်အပူပေးစက်တို့ တပ်ဆင်ခဲ့ကြပါတယ်။
ဝိန်းရွန်းနီ၊ ကောလင်းတို့ မိသားစုဝင်တို့ဟာ မကြာသေးမီတုန်းက အသက် ၄၀ နှစ်ပြည့် မွေးနေ့မတိုင်မီ ပြင်သစ်သို့ သွားရောက်လည်ပတ်ခဲ့ကြပါတယ်။
ဒီခရီးစဉ်မှာတော့ ကောလင်းဟာ လက်ထပ်လက်စွပ် ပြန်လည်ဝတ်ဆင်ထားတာ တွေ့ရပါတယ်။
ကောလင်းဟာ ယခုလအစောပိုင်းတုန်းက အမည်မသိ အမျိုးသမီးနှစ်ဦးနှင့်အတူ ဝိန်းရွန်းနီ အရက်မူးနေတဲ့ ဓာတ်ပုံများ ထွက်ပေါ်လာပြီးနောက် လက်ထပ်လက်စွပ်ချွတ်ခဲ့ပါတယ်။