ပေကျင်း-ပြုံးယမ်း တို-က်ရို-က်လေကြောင်းခရီးစဉ်များ ပြန်လည်စတင်
ပေကျင်း၊ မတ်လ ၃၀ ရက်
အဲရ်ချိုင်းနား လေကြောင်းလိုင်းသည် ခြောက်နှစ်ကြာ အဆက်ပြတ်နေခဲ့သော ပေးကျင်းနှင့် ပြုံးယမ်းမြို့များအကြား တို-က်ရို-က်လေကြောင်းခရီးစဉ်များကို တနင်္လာနေ့ (မတ်လ ၃၀ ရက်နေ့) တွင် ပြန်လည်စတင်လိုက်ပြီ ဖြစ်ကြောင်း သိရသည်။ ထိုသို့ပြေးဆွဲမှုူသည် မြို့တော်နှစ်ခုကြား ရထားခရီးစဉ်များ ပြန်လည်စတင်ပြီးနောက် အထီးကျန် မြောက်ကိုရီးယားနိုင်ငံအနေဖြင့် တဖြည်းဖြည်း ပြန်လည်ပွင့်လင်းလာနေသည့် နောက်ထပ်လက္ခဏာတစ်ရပ်လည်း ဖြစ်ပေသည်။
တရုတ်နိုင်ငံသည် မြောက်ကိုရီးယား၏ အကြီးဆုံးကုန်သွယ်ဖက်ဖြစ်သကဲ့သို့ သံတမန်ရေးနှင့် နိုင်ငံရေးအရ အရေးပါသော ထောက်တိုင်တစ်ခုဖြစ်သဖြင့် အားနည်းနေသော မြောက်ကိုရီးယားစီးပွားရေးအတွက် အသက်သွေးကြောသဖွယ် ဖြစ်ခဲ့သည်။ သို့သော်လည်း ၂၀၂၀ ပြည့်နှစ် COVID-19 ကပ်ရောဂါကာလအတွင်း နယ်စပ်များကို တင်းကျပ်စွာ ပိတ်လိုက်ကတည်းက အဆိုပါ အရှေ့အာရှအိမ်နီးချင်းနှစ်နိုင်ငံကြား သွားလာမှုများကို ပြင်းထန်စွာ ကန့်သတ်ထားခဲ့ခြင်း ဖြစ်သည်။
FlightStats ၏ အချက်အလက်များအရ လေယာဉ်အမှတ် CA121 သည် ပေကျင်းမြို့တော်လေဆိပ်မှ နံနက် ၇:၅၈ နာရီတွင် ထွက်ခွာသွားခဲ့ပြီး၊ ပြုံးယမ်းမြို့ရှိ ဆူနန်အပြည်ပြည်ဆိုင်ရာလေဆိပ်သို့ နံနက် ၁၁:၀၀ နာရီ (စင်ကာပူစံတော်ချိန် နံနက် ၁၀:၀၀ နာရီ) တွင် ဆိုက်ရောက်မည်ဖြစ်ကြောင်း အဲရ်ချိုင်းနား၏ ဝက်ဘ်ဆိုက်တွင် ဖော်ပြထားသည်။
Ref: စီအန်အေ