တရုတ်ပြည်မကြီးသို့ လာရောက်ရန် ဖိတ်ကြားချက်ကို ကူမင်တန် ပါတီဥက္ကဋ္ဌ လက်ခံ
တိုင်ပေ၊ မတ်လ ၃၀ ရက်
တရုတ်ကူမင်တန် (ကေအမ်တီ) ပါတီဥက္ကဋ္ဌ ချန်လီဝမ်သည် လာမည့်ဧပြီလအတွင်း တရုတ်ပြည်မကြီးသို့ လာရောက်လည်ပတ်ရန် ဖိတ်ကြားချက်ကို ကျေးဇူးတင်ရှိကြောင်းနှင့် လက်ခံကြောင်း တနင်္လာနေ့တွင် ပြောကြားခဲ့ပါသည်။
တရုတ်ကွန်မြူနစ်ပါတီ (စီပီစီ) ဗဟိုကော်မတီနှင့် အထွေထွေအတွင်းရေးမှူး ရှီကျင့်ဖျင်က ချန်လီဝမ်ကို ဧပြီလ ၇ ရက် နေ့မှ ၁၂ ရက်နေ့အထိ တရုတ်ပြည်မကြီးသို့ လာရောက်လည်ပတ်ရန် ဖိတ်ကြားခဲ့ခြင်း ဖြစ်သည်။
ပါတီနှစ်ခုလုံးအနေဖြင့် ထိုင်ဝမ်ရေလက်ကြား နှစ်ဖက်ဆက်ဆံရေး ငြိမ်းချမ်းစွာ ဖွံ့ဖြိုးတိုးတက်စေရန်၊ အပြန်အလှန် ဖလှယ်မှုနှင့် ပူးပေါင်းဆောင်ရွက်မှုများ မြှင့်တင်ရန်၊ ရေလက်ကြားငြိမ်းချမ်းရေးအတွက် အထောက်အကူပြုရန်နှင့် ပြည်သူများ၏ လူနေမှုဘဝမြှင့်တင်ရန်တို့အတွက် အတူတကွ လက်တွဲဆောင်ရွက်သွားကြရန် မျှော်လင့်ကြောင်း ချန်က ပြောကြားခဲ့သည်။
Ref:ဆင်ဟွာ