2 ပတ် - ဘာသာပြန်ပါ။

မန္တလေးတိုင်းဒေသကြီးလွှတ်တော်မှာ ကော်မတီသုံးခု ထပ်မံဖွဲ့စည်းဖို့ အမည်စားရင်းတွေ တင်သွင်း

မန္တလေး၊ မတ်- ၃၀- ၂၀၂၆

ဒီကနေ့ကျင်းပတဲ့ မန္တလေးတိုင်းဒေသကြီးလွှတ်တော် ပထမနေ့ပုံမှန်အစည်းအဝေး တတိယနေ့မှာ စည်ပင်သာယာရေးနှင့် ဖွံ့ဖြိုးရေးဆိုင်ရာကော်မတီ၊ စီမံကိန်း၊ ဘဏ္ဍာရေးနဲ့ စီးပွားရေးဆိုင်ရာကော်မတီ နဲ့ လုံခြုံရေးနဲ့ စီမံခန့်ခွဲရေးဆိုင်ရာကော်မတီ ဖွဲ့စည်းဖို့ ဥက္ကဋ္ဌနဲ့ အဖွဲ့ဝင်စာရင်းတွေကို မန္တလေးတိုင်းဒေသကြီးလွှတ်တော်မှာ တင်ပြခဲ့တာပါတယ်။

စည်ပင်သာယာရေးနှင့် ဖွံ့ဖြိုးရေးဆိုင်ရာကော်မတီမှာ ဦးမြတ်သူငါန်းဇွန်မြို့နယ်၊ ကိုယ်စားလှယ်အမှတ် (၁) ဥက္ကဋ္ဌ၊ ဦးစိုးမြတ်အောင် ငါန်းဇွန်မြို့နယ်၊ ကိုယ်စားလှယ်အမှတ် (၂) အဖွဲ့ဝင်၊ ဦးလှကြည် နွားထိုးကြီးမြို့နယ်၊ ကိုယ်စားလှယ်အမှတ် (၂)အဖွဲ့ဝင်၊ ဦးမြသွင် (ခ) ဦးမြင့်ဆန်း ရမည်းသင်းမြို့နယ်၊ ကိုယ်စားလှယ်အမှတ် (၂) အဖွဲ့ဝင်၊ ဦးဇော်အောင်ထက် အမရပူရမြို့နယ်၊ ကိုယ်စားလှယ်အမှတ် (၁) အဖွဲ့ဝင်၊ ဗိုလ်ကြီးဒေါ်ငြိမ်းဆုရည် တပ်မတော်သားကိုယ်စားလှယ် အဖွဲ့ဝင်၊ ဒုတိယဗိုလ်မှူးကြီး နိုင်လင်းတပ်မတော်သားကိုယ်စားလှယ် အတွင်းရေးမှူး တို့ကို အမည်စာရင်းတင်သွင်းခဲ့ပါတယ်။

စီမံကိန်း၊ ဘဏ္ဍာရေးနဲ့ စီးပွားရေးဆိုင်ရာကော်မတီ မှာ ဦးကျော်မိုးသက်တံတားဦးမြို့နယ်၊ ကိုယ်စားလှယ်အမှတ် (၁)ဥက္ကဋ္ဌ၊ ဦးအောင်နိုင်ညွှန့် ပျော်ဘွယ်မြို့နယ်၊ ကိုယ်စားလှယ်အမှတ် (၁) အဖွဲ့ဝင်၊ ဦးပြည့်ဖြိုးကျော် မြင်းခြံမြို့နယ်ကိုယ်စား လှယ်အမှတ် (၂) အဖွဲ့ဝင်၊ ဒုတိယဗိုလ်မှူးကြီး မျိုးမြင့်လေး တပ်မတော်သားကိုယ်စားလှယ် အဖွဲ့ဝင်၊ ဗိုလ်ကြီးမိုးမင်းသူ တပ်မတော်သားကိုယ်စားလှယ် အဖွဲ့ဝင်၊ ဗိုလ်ကြီးဒေါ်စိမ်းလဲ့ချို တပ်မတော်သားကိုယ်စားလှယ် အဖွဲ့ဝင်၊ ဦးဘုန်းမြင့် ညောင်ဦး မြို့နယ်ကိုယ်စား လှယ်အမှတ် (၂) အတွင်းရေးမှူး တို့အဖြစ် အမည်စာရင်းတင်သွင်းခဲ့ပါတယ်။

လုံခြုံရေးနဲ့ စီမံခန့်ခွဲရေးဆိုင်ရာကော်မတီ မှာ ဦးညီညီ (ခ) ဦးကျော်ဆန်း အောင်မြေသာစံမြို့နယ် ကိုယ်စားလှယ် အမှတ် ၂ ဥက္ကဋ္ဌ၊ ဦးဇော်ဝင်းသန့် (ခ) ဦးထက်အောင်လင်း ချမ်းအေးသာစံမြို့နယ် ကိုယ်စားလှယ် အမှတ် ၂ အဖွဲ့ဝင်၊ ဥိးငွေစိုးလှိုင် တောင်သာမြို့နယ် ကိုယ်စားလှယ် အမှတ် ၁ အဖွဲ့ဝင်၊ ဗိုလ်ငြီးအောင်ထွန်း တပ်မတော်သားကိုယ်စားလှယ် အဖွဲ့ဝင်၊ ဗိုလ်ကြီး ဒေါ်အိမွန်လှိုင် တပ်မတော်သားကိုယ်စားလှယ်၊ ဗိုလ်ကြီးကျော်စိန်ထွန်းတပ်မတော်သားကိုယ်စားလှယ် အတွင်းရေးမှူး အဖြစ် မန္တလေးတိုင်းဒေသကြီးလွှတ်တော် ကို အမည်စာရင်းတင်သွင်းခဲ့ပါတယ်။

image