ကလေးဝတ် အင်္ဂလန်ကမ္ဘာ့ဖလားအင်္ကျီအတွက် ပေါင် ၁၀၀ အထိ သုံးရမှုက ဒေါသထွက်သင့်ကြောင်း ဝန်ကြီးချုပ်စတားမာပြောကြားလာ
===================
အင်္ဂလန်ဝန်ကြီးချုပ်ကီယာစတားမာက မိဘများအနေဖြင့် ကလေးဝတ် အင်္ဂလန်ကမ္ဘာ့လားအင်္ကျီအတွက် ပေါင် ၁၀၀ အထိ အသုံးပြုလာရမှုက ဒေါသထွက်သင့်ကြောင်း ပြောကြားလာပါတယ်။

အင်္ဂလန်အတွက် ဝတ်စုံထုတ်လုပ်ပေးနေတဲ့ Nike ဟာ မကြာသေးမီတုန်းက ၂၀၂၆ ကမ္ဘာ့ဖလားပြိုင်ပွဲတွင် အင်္ဂလန်အသင်း ဝတ်ဆင်လာမယ့် ဝတ်စုံများကို ကြေညာခဲ့ပါတယ်။

Nike ဟာ အရွယ်ရောက်ပြီးသူများအတွက် အင်္ကျီအား ယူရို ၂၀၂၄ တုန်းက ပေါင် ၁၂၄.၉၉ ဖြင့် ရောင်းချခဲ့ရာမှ ၈ ရာခိုင်နှုန်း တိုးမြှင့်ပြီး ပေါင် ၁၃၄.၉၉ အထိ သတ်မှတ်လာပါတယ်။

ပရိသတ်အင်္ကျီကိုလည်း ပေါင် ၈၉.၉၉ သတ်မှတ်လာပြီး ကျောဘက်တွင် အမည်ထည့်သွင်းလိုပါက နောက်ထပ် ပေါင် ၆၀ ထပ်မံကုန်ကျပါမယ်။

ဒါ့အပြင် ကလေးများအတွက် အင်္ကျီနှင့် ဘောင်းဘီဈေးနှုန်းကိုလည်း ပေါင် ၉၇.၉၈ သတ်မှတ်လာပါတယ်။

တဖက်တွင် အင်္ဂလန်ဝတ်စုံအား အတုဈေးကွက်တွင် ပေါင် ၈.၅၀ ဝန်းကျင်ဖြင့် ရောင်းချနေပါတယ်။

အာဆင်နယ်အမာခံပရိသတ် စတားမာက "ပရိသတ်တွေကို မျှမျှတတဆက်ဆံဖို့က ကလပ်နဲ့ အာဏာပိုင်အဖွဲ့အစည်းတွေရဲ့ တာဝန် ဖြစ်တယ်။ သူတို့ရဲ့ ခံစားချက် ခိုင်မာမှုကို နားလည်ပါတယ်။ ပရိသတ်တွေရဲ့ စိုးရိမ်ပူပန်မှုအသံကြားရတာ မှန်ပါတယ်"လို့ ပြောကြားသွားပါတယ်။

image