အိုးထရက်ဖို့ဒ်ရှိ ၇၇ နှစ်တိုင်တိုင် မိသားစုဝင်များ အသုံးပြုလာတဲ့ ထိုင်ခုံမှ ကန်ထုတ်ခံလာရတဲ့ အသက် ၇၆ နှစ်ရှိ ယူနိုက်တက်ပရိသတ်
==================
အသက်ကြီး ယူနိုက်တက်ပရိသတ်တစ်ဦးဟာ မိသားစုဝင်များ ၇၇ နှစ်တိုင်တိုင် အသုံးပြုလာခဲ့တဲ့ အိုးထရက်ဖို့ဒ်ရှိ မိသားစုခုံမှ ကန်ထုတ်ခြင်းခံလာရပါတယ်။

အလယ်ပိုင်းတွင် နေထိုင်တဲ့ အသက် ၇၆ နှစ်ရှိ တိုနီရီလေးဟာ ၁၉၄၆ ခုနှစ်ကတည်းက ယူနိုက်တက်ပွဲစဉ်တိုင်းကို မိသားစုထိုင်ခုံအသုံးပြုပြီး ကြည့်ရှုလာခဲ့တာ ဖြစ်ပါတယ်။

ဒါပေမယ့် ယူနိုက်တက်ပူးတွဲပိုင်ရှင်ဆာဂျမ်ရက်ကလစ်ဖ်ဟာ လာမယ့်ရာသီမှ စတင်ကာ ဆာဘော်ဘီချာလ်တန်ပွဲကြည့်စင်တွင် ပေါင် ၃၁၅ မှ ပေါင် ၄၂၅ အတွင်း ကျသင့်မယ့် အထူးတန်းဖန်တီးလာမှုနှင့်အတူ ထိုင်ခုံ ၅၀၀ ဝန်းကျင်အား ဖယ်ရှားလာတာ ဖြစ်ပါတယ်။

ယင်းလုပ်ဆောင်မှုကြောင့် အသက်ကြီး ယူနိုက်တက်ပရိသတ်ဟာ အခြားပရိသတ် ၅၀၀ ဝန်းကျင်တို့နှင့်အတူ နှစ်ပေါင်းများစွာ အသုံးပြုလာတဲ့ ထိုင်ခုံအား ဖယ်ရှားခံလာရတာလည်း ဖြစ်ပါတယ်။

ယူနိုက်တက်ဟာ ယခုရာသီတွင်လည်း ပရိသတ် ၆၀၀ လောက်အား အောက်တန်းတွင် ထိုင်ခုံနေရာပေးကာ အပြောင်းအလဲများ ပြုလုပ်ထားပြီး ဖြစ်ပါတယ်။

ရီလေဟာ ယင်းထိုင်ခုံတွင် အမည်ရေးထိုးထားသူလည်း ဖြစ်ပါတယ်။ သူ့ယောက်ကထီး လူရီကာဆီဒီက ယူနိုက်တက်တွင် ၁၉၄၀ ခုနှစ်များမှ ၁၉၅၀ ခုနှစ်များအတွင်း ကစားခဲ့သလို နည်းပြအဖြစ်လည်း တာဝန်ယူခဲ့ကာ ဒေးဗစ်ဘက်ဟမ်းအပါအဝင် ကစားသမားများကို ပြုစုပျိုးထောင်ခဲ့သူ ဖြစ်ပါတယ်။

ရီလေးက "မမျှမတလုပ်တာခံရတယ်လို့ ခံစားရတယ်။ ကျုပ်တို့တင်မက အခြားသူတွေလည်း ခံရတာပါ။ စိတ်မကောင်းဖြစ်မိတယ်။ အကူအညီမဲ့၊ မျှော်လင့်ချက်မဲ့သလို ခံစားရတယ်"လို့ ပြောကြားသွားပါတယ်။

ယူနိုက်တက်ဟာ အထူးတန်းလက်မှတ်ဖန်တီးရန်အတွက် ပရိသတ် ၁၁၀၀ ဝန်းကျင်တို့အား ဖယ်ရှားလာခဲ့တပါ။

ပေါင် ၃၁၅ ထိုင်ခုံဝယ်ယူထားသူများမှာ Gordon Ramsay’s Lucky Cat စားသောက်ဆိုင်တွင် အစားအသောက်သုံးမျိုး ရွေးချယ်စားသောက်ခွင့်လည်း ပါဝင်ပါတယ်။

ပေါင် ၄၂၅ လက်မှတ်ဝယ်ယူထားသူကတော့ ရှန်ပိန်သောက်သုံးခွင့်အပြင် တခမ်းတနားကြည့်ခွင့် ရရှိပါတယ်။

တဖက်တွင် ယူနိုက်တက်ဟာ နေရာအပြောင်းအလဲ လုပ်တဲ့ ပရိသတ်မျာအား တစ်ရာသီစာလက်မှတ်ကိုင်ဆောင်ထားသူအဖြစ်မှ ဖယ်ရှားလာတာ မဟုတ်ပါဘူး။ ဒါပေမယ့် ပရိသတ်များဟာ ၎င်းတို့ ထိုင်နေကြ နေရာမှာ ထိုင်ခွင့် ရရှိရေးအာမခံချက် မရှိပါဘူး။

တဖက်တွင် ရီလေးဟာ လာမယ့်ရာသီတွင် နေရာပြောင်းလဲ သတ်မှတ်လာမှုနှင့်အတူ သားဖြစ်သူနှင့်အတူ ထိုင်ကြည့်ခွင့် မရတော့ပါဘူး။

ယူနိုက်တက်ဟာ လာမယ့်ရာသီအတွက် လက်မှတ်ဈေးနှုန်းကိုလည်း ၅ ရာခိုင်နှုန်းတိုးမြှင့်သတ်မှတ်ထားပြီး အနိမ့်ဆုံးလက်မှတ်ဈေးနှုန်းကို ၆၆ ပေါင် သတ်မှတ်ထားပြန်ပါတယ်။

ဒါ့အပြင် ရီလေးရဲ့သမီးဖြစ်သူက ကလပ်အနေဖြင့် သစ္စာရှိ ယူနိုက်တက်ပရိသတ်များအပေါ်တွင် တန်ဖိုးထားသင့်ကြောင်း ဆိုထားပါတယ်။

image