မက်ဂွိုင်းယားအား စာချုပ်သက်တမ်းတိုးရန် နီးစပ်နေပြီဖြစ်တဲ့ ယူနိုက်တက်
====================
ဟယ်ရီမက်ဂွိုင်းယားဟာ လာမယ့်ရာသီတွင် ယူနိုက်တက်တွင် ဆက်ကစားရေး စာချုပ်သက်တမ်းတိုးချုပ်ဆိုရန် နီးစပ်နေပြီ ဖြစ်ပါတယ်။ ဒါပေမယ့် မက်ဂွိုင်းယားဟာ သူ့အပေါ် ကလပ်ဘက်က တန်ဖိုးထားသေးလားဆိုတာ သိလိုနေပါတယ်။

အသက် ၃၃ နှစ်ရှိ အင်္ဂလန်နောက်ခံလူဟာ ယခုနွေရာသီတွင် စာချုပ်သက်တမ်းကုန်ဆုံးမှာ ဖြစ်ပြီး စာချုပ်သက်တမ်းတိုးရေး ဆွေးနွေးမှုများ ပြုလုပ်လာတာ ရက်သတ္တပတ်အတန်ကြာခဲ့ပြီ ဖြစ်ပါတယ်။

မက်ဂွိုင်းယားနှင့် ယူနိုက်တက်တို့ဟာ ၁၂ လ သက်တမ်းတိုးနိုင်မယ့်အချက်ပါ ၁ နှစ်စာချုပ်ချုပ်ဆိုရေး ဆွေးနွေးနေတာလည်း ဖြစ်ပါတယ်။

အင်္ဂလန်အသင်းတွင် ပြန်လည်ရွေးချယ်ခံထားရတဲ့ မက်ဂွိုင်းယားက "ကလပ်အတွက်ရော ကျွန်တော့်အတွက်ရော အကောင်းဆုံးဖြစ်မယ့်နေရာမှာ သဘောတူညီမှု ရလာမယ်လို့ ထင်တယ်။ အနှေးအမြန်ဆိုသလို ကျွန်တော် ထွက်မလား၊ ဆက်နေမလားဆိုတာ သိလာရမယ်လို့ ထင်တယ်။ ဒါပေမယ့် မကြာခင် သိလာရပါမယ်"လို့ ပြောကြားသွားပါတယ်။

တဖက်တွင် မက်ဂွိုင်းယားက အိုးထရက်ဖို့ဒ်တွင် ဆက်ကစားလိုသေးကြောင်း ပြောကြားလာပါတယ်။

မက်ဂွိုင်းယားက "ဒီကလပ်ကို ချစ်ပါတယ်။ ဒါပေမယ့် ကျွန်တော့်အတွက်ရော ကလပ်အတွက်ပါ သင့်တော်တဲ့အရာဖြစ်သင့်ပါတယ်။ တန်ဖိုးထားမခံရရင် ထွက်ပါမယ်။ ဒါပေမယ့် ဒီကလပ်မှာ ဆက်နေချင်ပါတယ်။ ကလပ်ကလည်း ကျွန်တော့်ကို ဆက်ရှိစေချင်ပါတယ်။ သူတို့က အရေးပါတဲ့အခန်းကဏ္ဍက ကျွန်တော် ကစားနိုင်သေးတယ်လို့ ခံစားနေကြတုန်းပါ"လို့ ပြောကြားသွားပါတယ်။

image