ဆော်ဒီတွင် ရာသီဝက် ခြေစမ်းပွဲကစားရေး ဖျက်သိမ်းကာ အိုင်ယာလန်သို့ သွားရောက်ကာ လေ့ကျင့်ခန်းဆင်းလာမယ့် ယူနိုက်တက်
===================
မိုက်ကယ်ကာရစ်ဟာ လိဒ်နှင့်ပွဲစဉ်မတိုင်မီ ယူနိုက်တက်စတားများအား အိုင်ယာလန်သို့ ခေါ်ဆောင်သွားကာ ပြင်းထန်တဲ့ စခန်းသွင်းလေ့ကျင့်မှု ပြုလုပ်လာပါမယ်။

ယူနိုက်တက်ဟာ အက်ဖ်အေဖလားပြိုင်ပွဲမှ ထွက်ခွာခဲ့ရမှုနှင့်အတူ နိုင်ငံတကာပွဲစဉ်များကြောင့် လိဂ်နားနေရစဉ်အတွင်း သုံးပတ်အထိ အနားရထားပါတယ်။

၎င်းတို့ဟာ လာမယ့် ပရီးမီးယားလိဂ်ပွဲအဖြစ် ဧပြီလ ၁၃ ရက်နေ့တွင်မှ လိဒ်နှင့် ရင်ဆိုင်ကစားရပါမယ်။

ယူနိုက်တက်ဟာ ယင်းကာလအတွင်းတွင် အိုင်ယာလန်သို့ သုံးရက်တာ ပြင်းထန်တဲ့ စခန်းသွင်းလေ့ကျင့်ခန်းဆင်းမှုပြုလုပ်လာမှာ ဖြစ်ပြီး ခြေစမ်းပွဲများလည်း ကစားလာမှာ မဟုတ်ပါဘူး။

ယူနိုက်တက်ဟာ ဧပြီလ ၆ ရက်နေ့မှ ဧပြီလ ၉ ရက်နေ့အထိ ဒဗ္ဗလင်မြို့အပြင်ဘက် မိနစ် ၃၀ ခရီးအကွာအဝေးတွင် စခန်းသွင်းလေ့ကျင့်မှု ပြုလုပ်လာမှာလည်း ဖြစ်ပါတယ်။

အစောပိုင်းတုန်းက ယူနိုက်တက်ဟာ ပွဲမရှိတဲ့ကာလအတွင်းတွင် အရှေ့အလယ်ပိုင်းသို့ သွားရောက်ကာ ခြေစမ်းပွဲကစားပြီး ငွေရှာရန် စီစဉ်ထားခဲ့ပေမယ့် အီရန်-အမေရိကန်စစ်ပွဲကြောင့် သွားရောက်ရန် မဖြစ်တော့မှုနှင့်အတူ အိုင်ယာလန်သို့ သွားရောက်ကာ ရာသီဝက် လေ့ကျင့်ခန်းဆင်းရန် စီစဉ်လာခဲ့ရတာပါ။

ယူနိုက်တက်ဟာ နိုင်ငံတကာပွဲကစားရခြင်း မရှိတဲ့ ကစားသမားများကိုလည်း ယခုအပတ်နှောင်းပိုင်းရက်များတွင် အနားပေးလာပါမယ်။

image