မန္တလေးငလျင်ကြီး (၁) နှစ်ပြည့် ကွယ်လွန်သူများကိုရည်စူး၍ "ထိုက်သူပန်" မှ ကုသိုလ်အမျှပေးဝေမည်

လာမည့် မတ် ၂၈ ရက်တွင် မန္တလေးငလျင်ကြီးလှုပ်ခတ်ခဲ့သည်မှာ (၁) နှစ်တင်းတင်းပြည့်မြောက်ခဲ့ပြီဖြစ်၍ ငလျင်ကြီး၌ကွယ်လွန်ခဲ့သူများကိုရည်စူး၍ "ထိုက်သူပန်" တိုင်းရင်းဆေးဝါးထုတ်လုပ်ရေးမှ ကုသိုလ်အမျှပေးဝေသွားမည်ဖြစ်သည်။

"ကျွန်တော်ကိုယ်တိုင်လည်း မန္တလေးငလျင်ကြီးကိုကြုံတွေ့ခဲ့ရတာကြောင့် တတ်နိုင်တဲ့ဘက်ကနေ ငလျင်ဒ-ဏ်ကြောင့် ကွယ်လွန်သွားခဲ့ကြတဲ့သူတွေအတွက် ကု သိုလ်အမျှပေးဝေဖို့ စီစဥ်တာပါ" ဟု ထိုက်သူပန် တိုင်းရင်းဆေးဝါးထုတ်လုပ်ရေး၏ ပဲ့ကိုင်ရှင် ဦးစိုးလှမြင့်က ပြောသည်။

အဆိုပါ မန္တလေးငလျင်ကြီး (၁) နှစ်တင်းတင်းပြည့်မြောက်သည့် မတ် ၂၈ ရက်နံနက်ပိုင်းတွင် ဆရာတော်၊ သံဃာတော် (၅) ပါးအား ဆွမ်းဆက်ကပ်လှူဒါန်းပြီး မန္တလေးငလျင်တွင် ကွယ်လွန်ခဲ့ကြသူများအား ကုသိုလ်အမျှပေးဝေသွားမည်ဖြစ်သည်။

ယင်းနေ့တွင်လည်း နေ့စဥ်ကျွေးမွေးလှူဒါန်းလျက်ရှိသည့် ထိုက်သူပန် နံနက်ခင်းအာဟာရဒါနအလှူနှင့် ညနေခင်းအာဟာရဒါန အလှူကျွေးမွေးလှူဒါန်းမှုများကိုလည်း ဆက်လက်ပြုလုပ်သွားမည်ဖြစ်သည်။

image