ဖူလ်ဟမ်ရဲ့ ပီအက်စ်ဗွီစတားအား ပေါင် ၃၂ သန်းဖြင့် ခေါ်ယူရေး အပြောင်းအရွှေ့ ဆေးစစ်ဆေးမှုခံယူပြီး နောက်ဆုံးအချိန်ကျမှ ပျက်ပြယ်လာ
===================
ပီအက်စ်ဗွီနည်းစနစ်ဒါရိုက်တာအားနက်စ်စတီးဝပ်က ရီကာဒိုပီပီမှာ ဖူလ်ဟမ်သို့ ပေါင် ၃၂ သန်းဖြင့် ပြောင်းရွှေ့ရေး ဆေးစစ်ဆေးမှုခံယူခဲ့ပြီး ဖြစ်ပေမယ့်လည်း ကစားသမားအတွက် တာဝန်ယူမှုအပိုင်းအတွက် သဘောတူညီမှု မရပြီးနောက် အပြောင်းအရွှေ့ ပျက်ပြယ်သွားခဲ့ပြီ ဖြစ်ကြောင်း အတည်ပြုလာပါတယ်။

ပီပီဟာ ပြီးခဲ့တဲ့အပတ်ကြာသပတေးနေ့တုန်းက ကလပ်နှစ်ခုအကြား ပြောင်းရွှေ့ကြေး သဘောတူညီမှု ရခဲ့ပြိးနောက် လန်ဒန်သို့ လာရောက်ကာ ဆေးစစ်ဆေးမှုလာရောက်ပြုလုပ်ခဲ့ပါတယ်။

အမေရိကန်လက်ရွေးစင်ဟာ ဆေးစစ်ဆေးမှုခံယူပြီးနောက် နယ်သာလန်သို့ ပြန်ကာ ပွဲပြန်ကစားခဲ့ပါတယ်။

ဒါပေမယ့် ကလပ်နှစ်ခုအကြားတွင် ကစားသမားသာ ဒဏ်ရာရရှိလာပါက ဖြစ်လာမယ့်အကျိုးဆက်နှင့်ပတ်သက်ပြီး သဘောတူညီမှုမရဖြစ်ခဲ့ပါတယ်။

စတီးဝပ်က "အပြောင်းအရွှေ့မပိတ်ခင် ဖူလ်ဟမ်ဘက်က ကမ်းလှမ်းမှု ရောက်လာတော့ အဲဒီကတည်းက ဆွေးနွေးလာခဲ့တာပါ။ အဲဒီတုန်းက အစားထိုးနိုင်မယ့်သူ မရှိတော့ အပြောင်းအရွှေ့ မလုပ်ဖြစ်ခဲ့ဘူး။ ဒါပေမယ့် အဲဒီနောက် တစ်ပတ်အကြာမှာ ပြန်ဆွေးနွေးကြတော့ တိုးတက်လာတယ်။ သူက နေရာတစ်နေရာမှာ ကစားရတော့ ကစားသမားအပေါ် တာဝန်ယူမှုက အရမ်းကို အရေးပါတဲ့အချက်ဖြစ်လာတယ်။ ဒါနဲ့ပတ်သက်ပြီး ပိုပြီးတော့ အသေးစိတ်ဆွေးနွေးကြတယ်။ ဒါပေမယ့် သဘောမတူခဲ့ကြဘူး။ ဒီအခြေအနေကတော့ ရီကာဒိုအတွက် မပျော်စရာအခြေအနေပါ။ ဒါပေမယ့် ကျွန်တော်တို့ကတော့ တိုက်စစ်မှူးတစ်ဦးကို ဆက်ထိန်းထားနိုင်လို့ ပျော်ပါတယ်"လို့ ပြောကြားသွားပါတယ်။

ဒါပေမယ့် ဖူလ်ဟမ်ဟာ အသက် ၂၃ နှစ်ရှိ အမေရိကန်တိုက်စစ်မှူးအား ခေါ်ယူရေး နွေရာသီတွင် ထပ်မံ ကြိုးပမ်းမှု ပြုလုပ်လာနိုင်ပါတယ်။

image