ချစ်သူဟောင်းရဲ့ စိတ်ပိုင်းဆိုင်ရာ ညှင်းပန်းနှိပ်စက်မှု ပြုလုပ်တယ်လို့ စွပ်စွဲခံရပြီးနောက် ကစားသမားဘဝမှ အနားယူလာတဲ့ ပြင်သစ်စတားဒီမီထရီပါယက်
=====================
ဝက်စ်ဟမ်းနှင့်မာဆေးစတားဟောင်းဒီမီထရီပါယက်ဟာ ချစ်သူဟောင်းက ၁၂ နာရီကြာ စိတ်ပိုင်းဆိုင်ရာညှင်းပန်းနှိပ်စက်မှု ပြုလုပ်တယ်လို့ စွပ်စွဲခြင်းခံရပြီး လအတန်ကြာတွင် ကစားသမားဘဝမှ အနားယူပြီဖြစ်ကြောင်း ကြေညာလာပါတယ်။
အသက် ၃၈ နှစ်ရှိ ပြင်သစ်စတားဟာ ပြီးခဲ့တဲ့ရာသီအကုန်တွင် ဘရာဇီးကလပ် ဗာစကိုဒဂါးမားနှင့် စာချုပ်ဖျက်သိမ်းခဲ့ပြီးနောက် ကလပ်လက်မဲ့ဖြစ်နေသူဖြစ်ပြီး ယခုအခါ ကစားသမားဘဝမှ အနားယူပြီ ဖြစ်ကြောင်း ကြေညာလာပါတယ်။
ပြီးခဲ့တဲ့နှစ်ဇူလိုင်လတုန်းက ပါယက်ရဲ့ ချစ်သူဟောင်းလာရစ်ဆာနာတယ်ယာဖာရာရီက ဝက်စ်ဟမ်းစတားဟောင်းနှင့် ချစ်ကြိုက်တဲ့ ၇ လတာကာလအတွင်းတွင် ကျင်ငယ်ရည်အား သောက်သုံးစေခဲ့သလို ကြမ်းပြင်ကိုလည်း လျက်စေခဲ့တယ်ဆိုပြီး အမှုဖွင့်လှစ်ခဲ့ပါတယ်။
ပြင်သစ်လက်ရွေးစင်ဟောင်းဟာ ယင်းဖြစ်ရပ်များအတွက် စိတ်ပိုင်းဆိုင်ရာညှင်းပန်နှိပ်စက်မှုဖြင့် စွဲချက်တင်ခြင်းခံထားရပါတယ်။
ပါယက်ဟာ ၂၀၁၅ ခုနှစ် ဇွန်လတုန်းက မာဆေးမှ ဝက်စ်ဟမ်းသို့ ပေါင် ၁၀.၇ သန်းဖြင့် ပြောင်းရွှေ့လာပြီးနောက် ပွဲ ၆၀ ကစားခဲ့ရာမှာ ၁၅ ဂိုးသွင်းနိုင်ခဲ့ကာ ပရိသတ်အချစ်တော်ကစားသမားဖြစ်ခဲ့ပါတယ်။
ဒါပေမယ့် သူဟာ ဝက်စ်ဟမ်းတွင် မပျော်ရွှင်မှုကြောင့် အသင်းဟောင်းမာဆေးသို့ ၂၀၁၇ ခုနှစ် ဇန်နဝါရီလတွင် ပေါင် ၂၅ သန်းဖြင့် ပြန်ပြောင်းခဲ့ပါတယ်။
ပြင်သစ်အတွက် ၃၈ ပွဲကစားထားတဲ့ ပါယက်ဟာ ပြင်သစ်အား ယူရို ၂၀၁၆ ဗိုလ်လုပွဲသို့ ပို့ဆောင်ခဲ့သူလည်း ဖြစ်ပါတယ်။
သူဟာ နန့်တက်စ်၊ စိန့်အက်တီယန်၊ လိုင်လီတို့တွင်လည်း ကစားခဲ့ဖူးပါတယ်။