ခရစ္စတယ်ပဲလေ့စ်ယူ-၂၁ အသင်းနှင့်အတူ လေ့ကျင့်ခန်းဆင်းနေတဲ့ ယူနိုက်တက်နှင့်အတူ ယူရိုပါလိဂ်ဖလားဆွတ်ခူးခဲ့တဲ့ ကစားသမား
======================
ယူနိုက်တက်နောက်ခံလူဟောင်းတီမိုသီဖိုဆူမန်ဆာဟာ ကလပ်သစ်ရှာဖွေနေစဉ် ကြံ့ခိုင်မှုပိုင်းပြည့်ဝနေစေရန်အတွက် ခရစ္စတယ်ပဲလေ့စ်တွင် လေ့ကျင့်ခန်းဆင်းနေပါတယ်။
အသက် ၂၈ နှစ်ရှိ မန်ဆာဟာ ယူနိုက်တက်အတွက် ပွဲ ၃၀ ကစားခဲ့သူ ဖြစ်ပြီး နယ်သာလန်လက်ရွေးစင်အသင်းအတွက်လည်း ၃ ပွဲကစားထားပါတယ်။
သူဟာ လက်ရှိအချိန်တွင် ကလပ်လက်မဲ့ ဖြစ်နေပြီး ခရစ္စတယ်ပဲလေ့စ်ယူ-၂၁ နှင့်အတူ လေ့ကျင့်ခန်းဆင်းနေတာပါ။
သူဟာ ၂၀၂၄ ခုနှစ်တုန်းက လေဗာကူဆင်မှ ထွက်ခွာလာပြီးကတည်းက ကလပ်လက်မဲ့ ဖြစ်နေတာပါ။
သူဟာ ၂၀၁၇-၁၈ ရာသီတုန်းက ယူနိုက်တက်မှ အငှားဖြင့် သွားရောက်ကစားခဲ့ဖူးတဲ့ ပဲလေ့စ်တွင် လေ့ကျင့်ခန်းဆင်းနေတာပါ။
သူဟာ ဖူလ်ဟမ်တွင်လည်း အငှားဖြင့် သွားရောက်ကစားခဲ့ပေမယ့် ဒူးဒဏ်ရာရရှိကာ ယူနိုက်တက်သို့ ပြန်ခဲ့ရကာ ၂၀၂၁ ခုနှစ်မှာတော့ လေဗာကူဆင်သို့ အပြီးသတ်ပြောင်းခဲ့ပါတယ်။
သူဟာ လေဗာကူဆင်တွင် ၂၀၂၄ ခုနှစ်တုန်းက ပြည်တွင်းဖလား ၂ လုံးအား ရှုံးပွဲမရှိစံချိန်ဖြင့် ဆွတ်ခူးခဲ့တဲ့ အလွန်ဆိုလက်အောက်မှာတုန်းက နောက်တန်း ၄ နေရာတွင်သာမက အလယ်တန်းတွင်လည်း ကစားခဲ့ပါတယ်။
သူဟာ ယူနိုက်တက်နှင့်အတူ ၂၀၁၇ ခုနှစ်တုန်းက ယူရိုပါလိဂ်ဖလား ဆွတ်ခူးခဲ့သူလည်း ဖြစ်ပါတယ်။