ဒဏ်ရာကြောင့် တစ်လကြာ အနားယူမှာ ဖြစ်လို့ အရေးပါတဲ့ ပွဲစဉ်များကို လွဲချော်လာမယ့် အာဆင်နယ်စတားအီးဇီး
===================
အီဘီရီချီအီးဇီးဟာ ဒဏ်ရာကြောင့် တစ်လကြာ အနားယူရမှာ ဖြစ်လို့ အာဆင်နယ်ရဲ့ အရေးပါတဲ့ ရာသီအဆုံးအဖြတ်ပွဲစဉ်များကို လွဲချော်လာတော့မှာ ဖြစ်ပါတယ်။

အသက် ၂၇ နှစ်ရှိ အီးဇီးဟာ ပြီးခဲ့တဲ့အပတ်တုန်းက လေဗာကူဆင်အား အနိုင်ရတဲ့ ချန်ပီယံလိဂ် ၁၆ သင်း ရှုံးထွက်အဆင့် ဒုတိယအကျော့ပွဲစဉ်တွင် ခြေသလုံး ဒဏ်ရာရရှိခဲ့တာ ဖြစ်ပြီး တနင်္ဂနွေနေ့တုန်းက မန်စီးတီးကို ၂-၀ ဖြင့် ရှုံးနိမ့်တဲ့ ခါရာဘောင်ဖလားဗိုလ်လုပွဲအား လွဲချော်ခဲ့ပါတယ်။

အစောပိုင်းတုန်းက အီဘီရီချီအီးဇီးမှာ ဒဏ်ရာကြောင့် ခြောက်ပတ်အထိ အနားယူရမယ်လို့ သတင်းထွက်ခဲ့ပါသေးတယ်။

ယခုအခါ အီးဇီးဟာ ခြေသလုံး ဒဏ်ရာကြောင့် ၁ လကြာ အနားယူရမှာ ဖြစ်လို့ အာဆင်နယ်ရဲ့ ဆုဖလား ၃ လုံး ဆွတ်ခူးရေး အရေးပါတဲ့ ပွဲစဉ်များကို လွဲလာပါမယ်။

ဒါပေမယ့် အာဆင်နယ်ဟာ အသင်းခေါင်းဆောင်မာတင်အိုဒီဂတ် ပြန်လည်ကောင်းမွန်လာမှုကြောင့် အီးဇီး အနားယူရမှု ပြဿနာကို ဖြေရှင်းလာနိုင်ပါမယ်။

နော်ဝေအသင်းခေါင်းဆောင်ဟာ နိုင်ငံတကာပွဲစဉ်များအပြီးတွင် အာဆင်နယ်အတွက် ပြန်လည်ကစားလာနိုင်ပါမယ်။

အာဆင်နယ်ဟာ နိုင်ငံတကာပွဲစဉ်များအပြီး စနေနေ့တွင် ဆောက်သမ်တန်နှင့် အက်ဖ်အေဖလားကွာတားဖိုင်နယ်ကစားရမှာ ဖြစ်ပါတယ်။

ဒီပွဲစဉ်မှာတော့ မီခေးလ်အာတီတာဟာ အရန်ကစားသမားအများစုကို ပွဲထုတ်အသုံးပြုလာဖို့ ရှိနေပါတယ်။

image