၂၀၃၀ ခုနှစ်တွင် ငှက်ဖျားကူးစက်မှု လုံးဝမရှိစေရန် Natio nal Malaria Strategic Plan 2026-2030 အသစ်ရေးဆွဲဆောင်ရွက်မည်

၂၀၃၀ ခုနှစ်တွင် ငှက်ဖျားကူးစက်မှု လုံးဝမရှိစေရန် Nation al Malaria Strategic Plan 2026-2030 အသစ်ရေးဆွဲပြီး ကပ်ရောဂါအသွင်ဖြစ်ပွားမှုကို တုံ့ပြန်ဆောင်ရွက်သွားမည်ဖြစ်ကြောင်း ကျန်းမာရေးဝန်ကြီးဌာနထံက သိရသည်။

ယင်းနှင့်ပတ်သက်သည့် အစည်းအဝေးကို မတ်လ (၁၈)ရက်က နေပြည်တော်၊ မင်္ဂလာသီရိဟိုတယ် အစည်းအဝေးခန်းမ၌ ကျင်းပခဲ့ရာ ပြည်သူ့ကျန်းမာရေးဦးစီးဌာန၊ ညွှန်ကြားရေးမှူးချုပ်မှ အဖွင့်အမှာစကားပြောကြားစဥ် ထို့သို့ ထည့်သွင်းပြောကြားခဲ့ခြင်းဖြစ်သည်။

၂၀၂၅ခုနှစ်အတွင်း ခြင်မှတစ်ဆင့် ကူးစက်တတ်သော ငှက်ဖျား၊ သွေးလွန်တုပ်ကွေး၊ ဆင်ခြေထောက်၊ ဂျပန်ဦးနှောက်ရောင်နှင့် ချီကန်ဂန်ညာအစရှိသည့် ရောဂါများကာကွယ်နှိမ်နှင်းရေး (၁) နှစ်တာကာလလုပ်ငန်းဆောင်ရွက်မှုများကိုလည်း ဆွေးနွေးခဲ့ကြသည်။

ထို့ပြင် ကပ်ရောဂါအသွင်ဖြစ်ပွားမှုအား တုံ့ပြန်ဆောင်ရွက်ခြင်း (Outbreak response)နှင့် ဆေးနှင့်ဆေးပစ္စည်းများ ပြတ်လပ်မှုမရှိစေရေး (Supply Chain Management)တို့ကို အလေးထား ဆောင်ရွက်သွားမည်ဖြစ်ကြောင်း၊ သွေးလွန်တုပ်ကွေးရောဂါကာကွယ်နှိမ်နင်းရေး ဆေးနှင့်ဆေးပစ္စည်းများကို နိုင်ငံတော် ဘတ်ဂျက်ဖြင့်ဝယ်ယူ၍ တိုင်းဒေသကြီး/ပြည်နယ်အသီးသီးသို့ ဖြန့်ဝေပေးထားပြီးဖြစ်ကြောင်း၊ ၂၀ ၃၀ ခုနှစ်တွင် ဆင်ခြေထောက်ရောဂါကင်းဝေးစေရန် အ တွ က် ကြိုးပမ်းဆောင်ရွက်လျက်ရှိကြောင်း ဂျပန်ဦးနှောက်ရောင်ရောဂါနှင့် ပတ်သက်၍လည်း ရောဂါစောင့်ကြပ်ကြည့်ရှုခြင်းနှင့် ကာကွယ်ရေးလုပ်ငန်းများကို စဉ်ဆက်မပြတ် ဆောင်ရွက်သွားကြရန် မှာကြားခဲ့ကြောင်း သိရသည်။

အဆိုပါ အစည်းအဝေးသို့ ပြည်သူ့ကျန်းမာရေးဦးစီးဌာနနှင့် ကုသရေးဦးစီးဌာနမှ ဒုတိယညွှန်ကြားရေးမှူးချုပ်များ၊ ဆေးရုံအုပ်ကြီးများ၊ တိုင်းဒေသကြီး/ ပြည်နယ်ပြည်သူ့ကျန်းမာရေး ဦးစီးဌာနမှူးများ၊ တပ်မတော်ဆေးဝန်ထမ်းတပ်ဖွဲ့မှ တာဝန်ရှိသူများ၊ ဆေးတက္ကသိုလ်များမှ ပါမောက္ခများ၊ ညွှန်ကြားရေးမှူးများ၊ ဒုတိယတိုင်းဒေသကြီး/ ပြည်နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှူးများ၊ ဗဟိုနှင့် တိုင်းဒေသကြီး/ ပြည်နယ်များမှ တာဝန်ရှိသူများ၊ ကမ္ဘာ့ကျန်းမာရေးအဖွဲ့နှင့် မိတ်ဖက်အဖွဲ့အစည်းများမှ ကိုယ်စားလှယ်များတက်ရောက်ခဲ့ကြပြီး အစည်းအဝေးကို မတ်လ (၁၈)ရက်မှ (၂၀) ရက်အထိ (၃) ရက်ကြာ ကျင်းပခဲ့ကြကြောင်း သိရသ ည်။

image