ဗြိတိန်၌ဦးနှောက်အမြေးရောင်ရောဂါဖြစ်နေ၍ခရီးသွားများကိုသတိပေး
အင်္ဂလန်ရှိ ကျောင်းများနှင့် တက္ကသိုလ်များရှိ ကျောင်းသားများတွင် ရှားပါးပြီး ပြင်းထန်သော ဘက်တီးရီးယားပိုးကူးစက်မှုတစ်ခုဖြစ်သည့် မင်နင်ဂိုကော့ကယ်ရောဂါဖြစ်ပွားနေသောကြောင့် ဗြိတိန်နိုင်ငံသို့ ခရီးသွားမည့် ထိုင်းများကို ရောဂါထိန်းချုပ်ရေးဌာနက သတိပေးချက်ထုတ်ပြန်ခဲ့သည်။
ရောဂါဖြစ်ပွားမှုသည် အင်္ဂလန်တောင်ပိုင်းတွင် အဓိကဖြစ်နေကာ ကျောင်းသားများတွင် အများဆုံးတွေ့ရှိရကြောင်း ဌာန၏ ညွှန်ကြားရေးမှူးချုပ် မွန်တီယန် ကနာဆာဝပ်က တနင်္ဂနွေနေ့တွင် ပြောကြားခဲ့သည်။ ဌာန၏ ကူးစက်ရောဂါဗေဒဌာနခွဲမှ ဖြစ်စဉ်ကိုအနီးကပ်စောင့်ကြည့်နေသည်။
ဗုဒ္ဓဟူးနေ့အထိ ဓာတ်ခွဲခန်းက အတည်ပြုထားသော ကူးစက်မှု ကိုးခုအပါအဝင် ကူးစက်မှု ၂၀ ခန့်ကို ဖော်ထုတ်နိုင်ခဲ့ပြီး လူ နှစ်ဦးထက်မနည်းေ-သဆုံးခဲ့ပြီဖြစ်ကြောင်း ဒေါက်တာ မွန်တီယန်က ပြောဆိုခဲ့သည်။
ဓာတ်ခွဲခန်းစစ်ဆေးချက်အရ အထူးသဖြင့် ပြင်းထန်သော မျိုးကွဲဗိုင်းရပ်စ်တစ်ခုဖြစ်သည့် Neisseria meningitidis serogroup B (Men ကူးစက်ဖြစ်ပွားနေကြောင်း အတည်ပြုခဲ့သည်။ အစုလိုက်ကူးစက်မှုသည် မတ်လအစောပိုင်းတွင် ပိတ်ထားသော နေရာများ၌ အုပ်စုလိုက်လှုပ်ရှားမှု အစီအစဉ်များနှင့် ဆက်စပ်နေပြီး ပညာရေးအဖွဲ့အစည်းများနှင့် ဆက်စပ်ရပ်ရွာများရှိ အနီးကပ်ထိတွေ့မှုများအကြား ကူးစက်မှုကို ဖြစ်ပေါ်စေခဲ့သည်။
အင်္ဂလန်ရှိ ဒေသဆိုင်ရာ ကျန်းမာရေးအာဏာပိုင်များသည် ထိတွေ့မှုခြေရာခံခြင်း အပါအဝင် တင်းကျပ်သော ထိန်းချုပ်ရေးအစီအမံများကို ချမှတ်ထားပြီး အန္တရာယ်များသော ထိတွေ့မှုဖြစ်ထားသူများနှင့် MenB ဗိုင်းရပ်စ်ကို ပ-စ်မှတ်ထားသော ကာကွယ်ဆေးထိုးနှံမှုများ လုပ်ဆောင်လျက်ရှိသည်။
ရောဂါဖြစ်ပွားမှုသည် အကန့်အသတ်ဖြင့်သာရှိနေသေးပြီး လူထုအတွင်း ကျယ်ကျယ်ပြန့်ပြန့်ကူးစက်မှုအထောက်အထားမတွေ့ရ သေးကြောင်း ၎င်းက ပြောကြားခဲ့သည်။ ခရီးသွားများအတွက် ယေဘုယျအားဖြင့် အန္တရာယ်နည်းပါးသေးသည်ဟု အကဲဖြတ်ထားသည်။
ဗြိတိန်နှင့် ဥရောပဒေသအချို့သို့ ခရီးသွားရန် စီစဉ်နေသူများအနေဖြင့် ထွက်ခွာမည့်ရက်မတိုင်မီ အနည်းဆုံး ၁၀ ရက်အလိုတွင် မင်နင်ဂိုကော့ကပ် ကာကွယ်ဆေးထိုးရန် စဉ်းစားသင့်ပြီး အထူးသဖြင့် ကလေးများ၊ လူပျိုဘော်၊ အပျိုဘော်ဝင်စအရွယ်များ၊ ကိုယ်ခံအားနည်းသူများနှင့် မကြာခဏ နိုင်ငံတကာခရီးသွားလာသူများ ဖြစ်သည်။
Ref: ဘန်ကောက်ပို့စ်