1 ပတ် - ဘာသာပြန်ပါ။

ကမ္ဘာ့ဖလားအပြီးတွင် ဒက်ချမ့်နေရာတွင် အစားထိုးခန့်အပ်မယ့် နည်းပြအား ပြင်သစ်ဘောလုံးအဖွဲ့ချုပ် ရွေးချယ်ထားပြီးဖြစ်
======================
ပြင်သစ်ဟာ အသင်းကို ကာလရှည်ကြာ ကိုင်တွယ်လာခဲ့တဲ့ ဒီဒီယာဒက်ချမ့်နေရာတွင် မည်သူ့ကို အစားထိုးခန့်အပ်မယ်ဆိုတာ ရွေးချယ်ထားပြီး ဖြစ်ပါတယ်။

ပြင်သစ်ဘောလုံးအဖွဲ့ချုပ်ဥက္ကဌဖီးလစ်ပီဒီရယ်လိုက နွေရာသီကမ္ဘာ့ဖလားပြိုင်ပွဲအပြီးတွင် ဒီဒီယာဒက်ချမ့်နေရာတွင် မည်သူ့ကို ခန့်အပ်မယ်ဆိုတာ ရွေးချယ်ထားပြီး ဖြစ်ကြောင်း Le Figaro သို့ အတည်ပြုသွားခဲ့တာလည်း ဖြစ်ပါတယ်။

ဒီဒီယာဒက်ချမ့်ဟာ ပြင်သစ်အသင်းကို ၁၄ နှစ်တိုင်တိုင် ကိုင်တွယ်လာသူ ဖြစ်ပြီး ၂၀၁၈ ကမ္ဘာ့ဖလားချန်ပီယံဖြစ်အောင် စွမ်းဆောင်ပေးခဲ့သလို ၂၀၂၂ ကမ္ဘာ့ဖလားဗိုလ်လုပွဲသို့လည်း ပို့ဆောင်ပေးနိုင်ခဲ့ပါတယ်။

ပြင်သစ်အတွက် ကစားသမားဘဝတုန်းက ၁၀၃ ပွဲကစားခဲ့တဲ့ ဒက်ချမ့်ဟာ ၂၀၂၆ ကမ္ဘာ့ဖလားပြိုင်ပွဲအပြီးမှာတော့ ထွက်ခွာလာပါမယ်။

ဒီရယ်လိုဟာ အစောပိုင်းတုန်းက ၂၀၂၆ ကမ္ဘာ့ဖလားအပြီးအထိ ပြင်သစ်နည်းပြရာထူးကို ဘယ်သူ ဆက်ခံမယ်ဆိုတာ ပြောကြားလာမှာ မဟုတ်ကြောင်း ပြောဆိုခဲ့ဖူးပါတယ်။

ဒါပေမယ့် ယခုအခါ ၎င်းက ပြင်သစ်အသင်းနည်းပြရာထူးကို မည်သူ လက်ခံမယ်ဆိုတာ ရွေးချယ်ထားပြီး ဖြစ်ကြောင်း အတည်ပြုလာပါတယ်။

၎င်းက "ဟုတ်ပါတယ်။ လာမယ့် ပြင်သစ်နည်းပြဘယ်သူဖြစ်လာမလဲ သိပါတယ်"လို့ ပြောကြားသွားပါတယ်။

ပြင်သစ်နည်းပြသစ်အဖြစ် ဂန္ထဝင်ကစားသမားဇီဒန်း ခန့်အပ်ခြင်းခံရမယ်လို့ ကျယ်ပြန့်စွာ သတင်းထွက်ထားပြီး ဖြစ်ပါတယ်။

ပြင်သစ်ဘောလုံးအဖွဲ့ချုပ်ဟာ ဇီဒန်းရဲ့ နည်းပြအဖွဲ့တွင် ခန့်အပ်မယ်သူများကိုလည်း ရွေးချယ်ထားပြီး ဖြစ်ပါတယ်။

ဇီဒန်းဟာ ရီးရဲလ်မက်ဒရစ်အား ၂ ကြိမ်တိုင်တိုင် ကိုင်တွယ်ပြီး ထွက်ခွာလာပြီးနောက် ထိပ်သီးကလပ်ပေါင်းများစွာရဲ့ ချဉ်းကပ်ခြင်းခံခဲ့ရပေမယ့် သူ့အိပ်မက် အလုပ်ဖြစ်တဲ့ ပြင်သစ်အသင်းအား ကိုင်တွယ်ရန်အတွက် စောင့်ဆိုင်းလာခဲ့တာလည်း ဖြစ်ပါတယ်။

ပြင်သစ်ဟာ ကမ္ဘာ့ဖလားအုပ်စုတွင်းတွင် ဆီနီဂေါ၊ နော်ဝေတို့နှင့် ရင်ဆိုင်ရပါမယ်။ ပြင်သစ်ရဲ့ နောက်ထပ် ကမ္ဘာ့ဖလားအုပ်စုပြိုင်ဘက်အသင်းကိုတော့ ပလေးအော့ဖ်ပြီးချိန်တွင်မှ သိရပါမယ်။

image