လေယာဥ်ဆီခက်ခဲမှုကြောင့် နိုင်ငံတကာလေကြောင်းခရီးစဉ်များ၏ ခရီးဆောင်အလေးချိန်ကန့်သတ်ချက်များကိုမဖြစ်မနေလျှော့ချသတ်မှတ်ရခြင်းဖြစ်ဟု MAI ထုတ်ပြန်

လေယာဥ်ဆီခက်ခဲမှုကြောင့် နိုင်ငံတကာလေကြောင်းခရီးစဉ်များ၏ ခရီးဆောင်အလေးချိန်ကန့်သတ်ချက်များကိုမဖြစ်မနေလျှော့ချသတ်မှတ်ရခြင်းဖြစ်သည်ဟု MAI ကအသိပေးခဲ့သည်။

နိုင်ငံတကာလေကြောင်းခရီးစဉ်များကို အခက်အခဲမရှိ ဆက်လက်ပြေးဆွဲနိုင်ရန်အတွက် ခရီးဆောင်အလေး ချိန်ကန့်သတ်ချက်များကို မဖြစ်မနေလျှော့ချသတ်မှတ်ရခြင်းဖြစ်ကာ Economy Class: 20KG (တစ်အိတ်)၊ Business Class: 30KG (တစ်အိတ်)၊ Hand-carry: 7KG (အများဆုံး ၂ အိတ်)၊ Excess Baggage: (အများဆုံး ၅ ကီလိုဂရမ်)စီလျော့ချသတ်မှတ်ခဲ့သည်။

ထို့ပြင် MAI သည်ပျံသန်းမှုလိုအပ်ချက်များအရ ခရီးဆောင်အိတ်များကို လေဆိပ်တွင်ပယ်ချခြင်း(သို့)မတင်ဆောင်နိုင်ခြင်းဖြစ်ပေါ်နိုင်၍ မတင်ဆောင်နိုင်ခဲ့သော ခရီးဆောင်အိတ်များကို (၇၂)နာရီအတွင်း ပိုင်ရှင်များထံပြန်လည်ပို့ဆောင်ပေးသွားမည်ဟု အသိပေးခဲ့သည်။

ထို့အတူ ကြိုတင်ဝယ်ယူထားသော Prepaid excess baggage များကို ယာယီမတင်ဆောင်နိုင်သဖြင့်ခရီး သည်များအား refund ပြန်လည်ပေးအပ်သွားမည်ဖြစ်ကာ ပြည်တွင်းလေကြောင်းစျေးကွက်တွင်ဖြစ်ပေါ်ခဲ့သည့် ခရီးစဉ်ဖျ-က်သိမ်းခြင်းများထပ်မံမဖြစ်ပေါ်စေရန်အတွက် ရည်ရွယ်ခြင်းဖြစ်သည်ဟုလည်း အသိပေးခဲ့သည်။

image