စပိန်အပန်းဖြေစခန်းစီးနင်းရှာဖွေမှုတွင် မူးယစ်ဆေးဝါးများနှင့်အတူ ပရီးမီးယားလိဂ်စတားဟောင်း ဖမ်းဆီးခြင်းခံခဲ့ရ
===================
မူးယစ်ဆေးဝါးစီးနင်းရှာဖွေမှု ပြုလုပ်စဉ်အတွင်း Costa del Sol တွင် ရဲတပ်ဖွဲ့ဝင်များ ဖမ်းဆီးထိန်းသိမ်းခဲ့တဲ့ သူမှာ ပရီးမီးယားလိဂ်စတားဟောင်းနေးလ်ကလီမန့် ဖြစ်ကြောင်း သိရပါတယ်။
အသက် ၄၇ နှစ်ရှိ ဝက်စ်ဘရွန်းနှင့် ချဲလ်ဆီးနောက်ခံလူဟောင်းဟာ လျို့ဝှက်ရဲများရဲ့ မူးယစ်ဆေးဝါးဖမ်းဆီးမှုကြီးအတွင်း ဖမ်းဆီးခံခဲ့ရတာပါ။
လျို့ဝှက်ရဲများဟာ လောင်းကစားသမားထံမှ သတင်းရရှိပြီးနောက် Doobiez အမည်ရှိ တရားမဝင် ဆေးခြောက်ကလပ်တွင် ကလီးမန့်ကို ဖမ်းဆီးထိန်းသိမ်းခဲ့တာလည်း ဖြစ်ပါတယ်။
ရဲတပ်ဖွဲ့ဝင်များဟာ ကျူပီအာနှင့် အင်္ဂလန်နောက်ခံလူဟောင်းဒေ့ဗ်ကလီးမန့်ရဲ့သားအား မူးယစ်ဆေးဝါးများ၊ ငွေသားများနှင့်အတူ ဖမ်းဆီးရမိခဲ့တာပါ။
အင်္ဂလန်ယူ-၁၆ နှင့် ယူ-၁၈ လက်ရွေးစင်ဟောင်းဟာ လက်ရှိ ဘရာဇီးအသင်းလက်ထောက်နည်းပြပေါလ်ရဲ့ညီ ဖြစ်ပြီး ရဲတပ်ဖွဲ့က အမူအား စုံစမ်းစစ်ဆေးမှုများပြုလုပ်နေစဉ်အတွင်း အာမခံဖြင့် လွတ်မြောက်လာခဲ့ပါတယ်။
ဒေသခံရဲတပ်ဖွဲ့ဟာ တနင်္လာနေ့တုန်းက ဖမ်းဆီးရမိတဲ့ သူ့ကို မည်သူလို့ အတိအကျ ကြေညာခဲ့ခြင်း မရှိပါဘူး။ သူ့အသက်နှင့် နိုင်ငံသားကိုလည်း ကြေညာခဲ့ခြင်း မရှိပါဘူး။
နေးလ်ကလီးမန့်ဟာ ဝက်စ်ဘရွန်းအတွက် ပွဲပေါင်းသုံးရာကျော်ကစားခဲ့သူ ဖြစ်ပြီး ကလပ်သမိုင်းတွင် သုံးကြိမ် တန်းတက်နိုင်အောင် ကူညီခဲ့တဲ့ ပထမဆုံးကစားသမားအဖြစ် သမိုင်းမှတ်တိုင်စိုက်ထူထားသူ ဖြစ်ပါတယ်။
သူဟာ ၂၀၁၀ ခုနှစ်တွင် ဒူးဒဏ်ရာကြောင့် ကစားသမားဘဝမှ အနားယူပြီးနောက် စပိန်သို့ မိသားစုနှင့်အတူ ပြောင်းရွှေ့နေထိုင်နေတာလည်း ဖြစ်ပါတယ်။