ချန်ပီယံလိဂ်သမိုင်းမှတ်တိုင်သစ်များ စိုက်ထူခဲ့ကြတဲ့ ဘိုင်ယန်မြူးနစ်လူငယ်ပါရမီရှင်များ
====================
အတ္တလန္တာနှင့် ကစားတဲ့ ချန်ပီယံလိဂ် ၁၆ သင်း ရှုံးထွက်အဆင့် ဒုတိယအကျော့ပွဲစဉ်တွင် ဘိုင်ယန်မြူးနစ်လူငယ်ကစားသမားများဟာ သမိုင်းမှတ်တိုင်သစ်များ စိုက်ထူလာခဲ့ကြပါတယ်။
ဖီးလစ်ပါဗစ်ဟာ ဗင်းဆင့်ကွန်ပနီရဲ့ ဘိုင်ယန်မြူးနစ်လူစာရင်းတွင် ပါဝင်ပြီးနောက် ဘိုင်ယန်မြူးနစ်လူစာရင်းတွင် ပါဝင်ခွင့်ရတဲ့ ပထမဆုံး ၂၀၁၀ ခုနှစ်ဖွား ကစားသမား ဖြစ်လာပါတယ်။
အသက် ၁၆ နှစ်အရွယ်ရှိ ဗဟိုနောက်ခံလူဟာ ပွဲချိန် ၇၂ မိနစ်တွင် ဂျိုးဆစ်စတာနီဆစ်အစား လူစားဝင်ရောက်ကစားပြီးနောက် ဘိုင်ယန်မြူးနစ်သမိုင်းတွင် အသက်အငယ်ဆုံးချန်ပီယံလိဂ်ပွဲ ကစားခွင့် ရသူ ဖြစ်လာပါတယ်။
သူဟာ ၂၀၂၂ ခုနှစ် အောက်တိုဘာလတုန်းက ဗစ်တိုးရီးယားပါတီဇန်နှင့်ပွဲတွင် ဘိုင်ယန်မြူးနစ်အတွက် ပထမဆုံးချန်ပီယံလိဂ်ပွဲကစားကာ ၁၆ နှစ်၊ ၉ လ၊ ၁၉ ရက်ဖြင့် သမိုင်းမှတ်တိုင်စိုက်ထူခဲ့တဲ့ ပေါလ်ဝန်နာရဲ့ စံချိန်ကို ရိုက်ချိုးခဲ့တာလည်း ဖြစ်ပါတယ်။
ဒါ့အပြင် လန်နတ်ခါးလ်မှာလည်း အတ္တလန္တာကို ၄-၁ ဖြင့် အနိုင်ရတဲ့ပွဲတွင် ၁ ဂိုးသွင်းကာ ၁ ကြိမ် ဖန်တီးမှု ပြုလုပ်ပြီးနောက် ၁၇ နှစ်၊ ၇ လ၊ ၈ ရက်ဖြင့် ကလပ်သမိုင်းတွင် ပဥ္စမအသက်အငယ်ဆုံးချန်ပီယံပွဲကစားသူအဖြစ် မှတ်တိုင်စိုက်ထူလာပါတယ်။
ပါဗစ်မှာ ၂၀၁၉ ခုနှစ်တွင် SV Waldperlach မှ ဘိုင်ယန်လူငယ်သို့ ပြောင်းလာသူ ဖြစ်ပြီး ဘိုင်ယန်မြူးနစ်ယူ-၁၇ တွင် ကစားနေသလို ဒီဇင်ဘာလတုန်းက UEFA Youth League ပွဲ ပထမဆုံးကစားခဲ့ပါတယ်။
တဆက်တည်းတွင် ဒီနစ်ဇ်အော့ဖ်လီမှာလည်း ၅၆ မိနစ်တွင် ပါလိုဗစ်အစား လူစားဝင်ရောက် ကစားကာ ပထမဆုံးပရော်ဖက်ရှင်နယ်ပွဲ ကစားခွင့်ရခဲ့ပါတယ်။ သူဟာ ဘိုင်ယန်မြူးနစ်ရဲ့တတိယဂိုး ရရှိရာမှာလည်း ပါဝင်ခဲ့ပါတယ်။
ဘိုင်ယန်မြူးနစ်နည်းပြဗင်းဆင့်ကွန်ပနီဟာ ဒဏ်ရာပြဿနာများစွာ ကြုံရပြီးနောက် နောက်တန်းအစွန်လူဗင်းဆင့်မာနူဘာနှင့် ဂိုးသမားလီယိုနတ်ပရီစကော့တို့ကိုလည်း ဘိုင်ယန်မြူးနစ်လူစာရင်းမှာ ပါဝင်ခွင့်ရခဲ့ပါတယ်။
ပရီစကော့မှာ ပထမဆုံးဘိုင်ယန်မြူးနစ်ပွဲ ကစားခွင့် ရလုနီးပါးဖြစ်ခဲ့ပြီး ဂိုးသမားဂျိုနက်စ်အာလစ် ဒဏ်ရာမှ ပြန်လည်ကောင်းမွန်လာမှုကြောင့် ကစားခွင့် မရခဲ့တာပါ။
ဘိုင်ယန်မြူးနစ်ဟာ ချန်ပီယံလိဂ်ကွာတားဖိုင်နယ်တွင် မန်စီးတီးကို သက်တောင့်သက်သာဖြင့် ကျော်ဖြတ်လာခဲ့တဲ့ ရီးရဲလ်မက်ဒရစ်နှင့် ရင်ဆိုင်ကစားရပါမယ်။
ပထမအကျော့ကို ဧပြီလ ၇ ရက်နေ့တွင် ဘာနေဗျူးကွင်းမှာ ကစားလာမှာ ဖြစ်ပြီး ဒုတိယအကျော့အဆုံးအဖြတ်ပွဲအား Allianz Arena မှာ ကစားလာပါမယ်။
ဘိုင်ယန်မြူးနစ်အတွက် သတင်းကောင်းကတော့ ယင်းပွဲမှာ ၁ ပွဲပယ်ပြစ်ဒဏ်မှ လွတ်မြောက်လာကြမယ့် ဂျိုရှာကမ်မစ်ချ်နှင့် မိုက်ကယ်အိုလစ်တို့ ပြန်လည်ပါဝင်လာနိုင်မှာ ဖြစ်ပါတယ်။