မေဓါဝီဆေးရုံအနီး၌ Level 1 အဆင့်မီးလောင်မှုအပါအဝင် ယနေ့ မတ် ၁၈ ရက်က ရန်ကုန်တိုင်း မြောက်ဥက္ကလာပမြို့နယ်တွင် မီးလောင်မှု(၈)ကြိမ်ဖြစ်ပွားခဲ့

ရန်ကုန်တိုင်း၊ မြောက်ဥက္ကလာပမြို့နယ်ရှိ မေဓါဝီဆေးရုံအနီး၌ Level 1 အဆင့်မီးလေ-ာင်မှုအပါအဝင် ယနေ့ မတ် ၁၈ ရက်က ရန်ကုန်တိုင်းအတွင်း မီးလေ-ာင်မှု(၈) ကြိမ်ဖြစ်ပွားခဲ့ကြောင်း မီးသတ်တပ်ဖွဲ့ထံမှသိရသည်။

ည ၆ နာရီ ၄၁ မိနစ်ခန့်က မြောက်ဥက္ကလာပမြို့နယ်၊ မေဓါဝီဆေးရုံအနီးတွင် မီးလေ-ာင်မှုဖြစ်ပွား၍ မြောက်ဥက္ကလာပမြို့နယ်မီးသတ်စခန်းမှတပ်ဖွဲ့ဝင်များနှင့် သက်ဆိုင်ရာအဖွဲ့ဝင်များမှ ငြှိမ်းသတ်ခဲ့ကြပြီး ည ၆ နာရီ ၄၃ မိနစ်တွင် Level 1 အဆင့်ဖြင့်ထပ်မံငြှိမ်းသတ်ခဲ့ကြသဖြင့် ည ၆ နာရီ ၅၃ မိနစ်တွင် မီးငြိမ်းသွားခဲ့ကြောင်း သိရသည်။

ထို့ပြင် ညနေ ၄ နာရီ ၂၀ မိနစ်ခန့်ကလည်း တိုက်ကြီးမြို့နယ်၊ မေတ္တာရိပ်ကျေးရွာတွင် ကိုင်းတောမီးလေ-ာင်မှု၊ ညနေ့ ၄ နာရီကျော်ခန့်တွင် မှော်ဘီမြို့နယ်၊ ရှမ်းကုန်းကျေးရွာ၌ မြက်ခြောက်မီးလေ-ာင်မှု၊ မွန်းလွဲ ၂ နာရီ ၅၇ မိနစ်ခန့်တွင် လှည်းကူးမြို့နယ်၊ ဒေါင်းမီးကွက်ကျေးရွာတွင် ကိုင်းတောမီးလေ-ာင်မှု၊ မွန်းလွဲ ၂ နာရီ ၃၇ မိနစ်ခန့်၌ မင်္ဂလာဒုံမြို့နယ်၊ မြောက်ပိုင်းရပ်ကွက်၊ လှော်ကားဥယျာဉ်တွင် မြက်ခြောက်မီးလေ-ာင်မှု၊ မွန်းလွဲ ၂ နာရီ ၁၃ မိနစ်ခန့်က ဒဂုံမြို့သစ်(အရှေ့ပိုင်း)မြို့နယ်၊ လေးထောင့်ကန်ကျေးရွာ၊ အမှတ်(၂)လမ်းမကြီးတွင် မြက်ခြောက်မီးလေ-ာင်မှု၊ နေ့လည် ၁ နာရီ ၂၈ မိနစ်ခန့်တွင် တိုက်ကြီးမြို့နယ်၊ ဆင်စခန်းကျေးရွာ၊ ဂျိုးဖြူကန်လမ်းတွင် မြက်ခြောက်မီးလေ-ာင်မှုတို့ကိုလည်း သက်ဆိုင်ရာ မီးသတ်တပ်ဖွဲ့ဝင်များမှငြှိမ်းသတ်ခဲ့ကြကြောင်း သိရသည်။

ထို့အတူ နံနက် ၁၂ နာရီ ၄၅ မိနစ်ခန့်ကလည်း လှိုင်သာယာ(အရှေ့ပိုင်း)မြို့နယ်၊ (၈)ရပ်ကွက်၊ ဦးပုညလမ်းတွင် နေအိမ်မီးလေ-ာင်မှုဖြစ်ပွား၍ လှိုင်သာယာမြို့နယ်မီးသတ်စခန်းမှတပ်ဖွဲ့ဝင်များက သက်ဆိုင်ရာအဖွဲ့များနှင့် ပူးပေါင်းငြှိမ်းသတ်ခဲ့ကြသဖြင့် နံနက် ၁ နာရီတွင်မီးငြိမ်းသွားခဲ့ကြောင်း သိရသည်။

image