စက်မှု၊ စိုက်ပျိုး၊ မွေးမြူရေးတက္ကသိုလ်ဝင်စာမေးပွဲနောက်ဆုံးနေ့တွင် ကျောင်းသား၊ ကျောင်းသူ (၂) ထောင် ဦးကျော်ဝင်ရောက်ဖြေဆို

၂၀၂၆ ခုနှစ်၊ စက်မှု၊ စိုက်ပျိုး၊ မွေးမြူရေး တက္ကသိုလ်ဝင်စာမေးပွဲနောက်ဆုံးနေ့ဖြစ်သည့် ယနေ့ မတ် ၁၈ ရက်တွင် သက်ဆိုင်ရာဘာသာရပ်အလိုက် ကျောင်းသား၊ ကျောင်းသူ(၂)ထောင်ဦးကျော် ဝင်ရောက်ဖြေဆိုခဲ့ကြကြောင်း သိရသည်။

စက်မှုအတတ်ပညာတွင် (မြို့ပြပုံဆွဲဘာသာရပ်၊ အခြေခံပရိုဂရမ်မိတ်ဆက်ဘာသာရပ်နှင့် စက်မှုပုံဆွဲ ဘာသာရပ်)တို့အား နေပြည်တော်အပါအဝင် တိုင်းနှင့် ပြည်နယ်အလိုက် ခရိုင်၊ မြို့နယ်များမှ စာစစ်ဌာန(၄၁)ခု၌ ကျောင်းသား၊ ကျောင်းသူ(၂,၁၁၄)ဦးဝင်ရောက်ဖြေဆိုခဲ့ကြသဖြင့် ဖြေဆိုမှုရာခိုင်နှုန်းမှာ (၉၉ ဒသမ ၀၆) ဖြစ်ကြောင်း သိရသည်။

ကျောင်းသား၊ ကျောင်းသူများ စိတ်အေးချမ်းသာစွာနှင့် ဘေးအန္တရာယ်ကင်းရှင်းစွာဖြေဆိုနိုင်ရန် သက်ဆိုင်ရာ လုံခြုံရေးအဖွဲ့ဝင်များ၊ ကျန်းမာရေးဝန်ထမ်းများ၊ မီးသတ်တပ်ဖွဲ့ဝင်များနှင့် ရပ်ကွက်ကျေးရွာအုပ်ချုပ်ရေးအဖွဲ့ဝင်များက စနစ်တကျစောင့်ကြပ်ကြည့်ရှုပေးခဲ့ကြကြောင်း သိရသည်။

image