အသက် ၁၆ နှစ်အရွယ် ဂိုးသမားကို ချန်ပီယံလိဂ်တွင် အသုံးပြုလာရဖို့ ရှိနေတဲ့ ဘိုင်ယန်မြူးနစ်
=====================
ဘိုင်ယန်မြူးနစ်ဟာ ယနေ့ည ချန်ပီယံလိဂ်ပွဲစဉ်တွင် အသက် ၁၆ နှစ် အရွယ်ရှိ ဂိုးသမားလီယိုနတ်ပရီစကော့အား ပထမဆုံးချန်ပီယံလိဂ်ပွဲစဉ်အဖြစ် အသုံးပြုလာရဖို့ ရှိနေပါတယ်။
ဂျာမန်ထိပ်သီးကလပ်ဟာ ဦးစားပေးဂိုးသမား ၃ ဦးတို့ ဒဏ်ရာပြဿနာများနှင့် ရုန်းကန်နေရသလို ဂျိုနက်စ်အာဘစ်သာ ကြံ့ခိုင်မှု ပြည့်ဝလာခြင်း မရှိပါက ပရီစကော့အား အတ္တလန္တာနှင့် ချန်ပီယံလိဂ် ၁၆ သင်း ရှုံးထွက်အဆင့် ဒုတိယအကျော့ပွဲစဉ်တွင် အသုံးပြုလာရမှာလည်း ဖြစ်ပါတယ်။
အာဘစ်မှာ ပြီးခဲ့တဲ့အပတ်တုန်းက အီတလီတို့ ဘိုင်ယန်မြူးနစ်တို့ ၆-၁ ဖြင့် အနိုင်ရတဲ့ပွဲတွင် ဒဏ်ရရှိခဲ့တာပါ။
ပုံမှန်ပွဲထွက်နေကြ ဂိုးသမားနူအာမှာ ကြွက်သားဒဏ်ရာကြောင့် ကြံ့ခိုင်မှုပြည့်ဝရေး လုပ်ဆောင်နေဆဲ ဖြစ်သလို တတိယဦးစားပေးဂိုးသမားဆဗင်အူးလ်ရစ်ချ်မှာလည်း စနေနေ့တုန်းက လေဗာကူဆင်နှင့် ၁ ဂိုးစီသရေကျတဲ့ ဘွန်ဒက်စ်လီဂါပွဲစဉ်တွင် ဒဏ်ရာရရှိခဲ့ပါတယ်။
ကွန်ပနီက "ဂျိုနက်စ်ဟာ ဒီကနေ့ (အင်္ဂါ)မှာ ပုံမှန်လေ့ကျင့်ခန်းဆင်းနိုင်တယ်။ မနက်ဖြန်ကျမှ ဆေးဘက်ဆိုင်ရာ ဆုံးဖြတ်ချက်ချမယ်။ အားလုံးကောင်းနေရင်တော့ အာဘစ်ပဲ ဂိုးစောင့်လာမယ်။ တကယ်လို့ မဖြစ်လာဘူးဆိုရင်တော့ နောက်အဖြေတစ်ခု ရှာသွားပါမယ်"လို့ ပြောကြားသွားပါတယ်။
ဂျာမန်လူငယ်အသင်းလက်ရွေးစင် ပရီစကော့မှာ ဘိုင်ယန်မြူးနစ်ယူ-၁၉ အသင်းတွင် ကစားနေသူ ဖြစ်ပြီး ဆယ်ကျော်သက်တစ်ဦး ဖြစ်တာကြောင့် ပွဲကစားခွင့် ရရှိရေး ဂျာမန်အလုပ်သမားဆိုင်ရာ အာဏာပိုင်များရဲ့ ခွင့်ပြုချက် လိုအပ်ပါတယ်။
သူဟာ ပြီးခဲ့တဲ့ ဘိုင်ယန်မြူးနစ်ရဲ့ ပွဲ ၂ ပွဲလုံးတွင် ပေါင်ကြွက်သားဒဏ်ရာကြောင့် အနားယူနေရတဲ့ အသက် ၁၉ နှစ်အရွယ်ရှိ ဂိုးသမားလီယွန်ကလာနစ်နှင့်အတူ အရန်စာရင်းထဲမှာ ပါဝင်လာခဲ့သူ ဖြစ်ပါတယ်။
အသက် ၁၉ နှစ်အရွယ်ရှိ အရန်အသင်းဂိုးသမားဂျာနစ်ဘတ်မှာလည်း ယခုရာသီ ဘွန်ဒက်စ်လီဂါပွဲ ၂ ပွဲတွင် အရန်လူစာရင်းထဲမှာ ပါဝင်ခွင့်ပေမယ့် ဗင်းဆင့်ကွန်ပနီက ပရီစကော့ကိုသာ အသုံးပြုသွားမယ်လို့ ဆိုသွားပါတယ်။
ကွန်ပနီက "သူ(ပရီစကော့)က အရမ်းတည်ငြိမ်တယ်။ ကျွန်တော်တို့လည်း စိတ်အေးလက်အေးပါပဲ။ တကယ်လို့ မနက်ဖြန် သူ ကစားရင် သူ့ကို အပြည့်အဝအားပေးမယ်။လူတိုင်းလည်း ကူညီကြမှာပါ။ လူငယ်ကစားသမားတစ်ဦးကို အဓိကနေရာမှ ကစားဖို့ တွန်းအားပေးတယ်ဆိုတာ ဘယ်တုန်းကမှ ရှိလာမှာ မဟုတ်ပါဘူး။ မနက်ဖြန် ဘယ်လိုပဲ ဖြစ်လာပါစေ သူ့အပေါ် အပြည့်အဝ ယုံကြည်မှု ရှိပါတယ်"လို့ ပြောကြားသွားပါတယ်။
ကမ္ဘာ့ဖလား ၁ ကြိမ်ဆွတ်ခူးထားတဲ့အပြင် ဘွန်ဒက်စ်လီဂါ ၁၂ ကြိမ်ဆွတ်ခူးထားတဲ့ နူအာဟာ ယခုရာသီတွင် ဘွန်ဒက်စ်လီဂါပွဲ ၁၉ ပွဲကစားထားပြီး နောက်ဆုံးအကြိမ် ပွဲကစားနိုင်ခဲ့တာ မတ်လ ၆ ရက်နေ့တုန်းက ဖြစ်ပါတယ်။
အသက် ၂၂ နှစ်ရှိ အာဘစ်မှာ ၆ ပွဲ ပွဲထွက်ကစားမှုအပါအဝင် လိဂ်ပွဲ ၈ ပွဲကစားထားကာ အူလ်ရစ်ချ်မှာလည်း စနေနေ့တုန်းက ယခုရာသီ ပထမဆုံးပွဲအဖြစ် ပွဲထွက်ကစားခဲ့ပါတယ်။
ဘိုင်ယန်မြူုးနစ်ဟာ အတ္တလန္တာအား ကျော်ဖြတ်နိုင်ပါက ချန်ပီယံလိဂ်ကွာတားဖိုင်နယ်တွင် ရီးရဲလ်မက်ဒရစ်နှင့် ရင်ဆိုင် ကစားရပါမယ်။ ရီးရဲလ်မက်ဒရစ်က မန်စီးတီးအား နှစ်ကျော့ပေါင်းရလဒ် ၅-၂ ဖြင့် အနိုင်ယူကာ ကွာတားဖိုင်နယ်သို့ တက်ထားပါတယ်။