ကာတာနိုင်ငံရဲ့ နိုင်ငံပိုင်စွမ်းအင်ကုမ္ပဏီ QatarEnergy က Ras Laffan စက်မှုမြို့တော်ဟာ ဒုံးကျည်နဲ့ အတိုက်ခိုက်ခံရ

ကာတာနိုင်ငံရဲ့ နိုင်ငံပိုင်စွမ်းအင်ကုမ္ပဏီ QatarEnergy က Ras Laffan စက်မှုမြို့တော်ဟာ ဒုံးကျည်နဲ့ အတိုက်ခိုက်ခံရလို့ "အကြီးအကျယ် ပျက်စီးသွားတယ်" လို့ ထုတ်ပြန်လိုက်ပါတယ်။ ဒါပေမဲ့ လူထိခိုက်ဒဏ်ရာရတာမျိုးတော့ မရှိဘူးလို့ သိရပါတယ်။

​ဗုဒ္ဓဟူးနေ့ (မတ်လ ၁၈ ရက်) မှာ Ras Laffan စက်မှုမြို့တော်ကို ဒုံးကျည်တွေနဲ့ ပစ်ခတ်တိုက်ခိုက်ခဲ့တာဖြစ်ပြီး ကာတာပြည်ထဲရေးဝန်ကြီးဌာနကတော့ ဒါဟာ အီရန်ရဲ့ တိုက်ခိုက်မှုကြောင့်ဖြစ်တဲ့ မီးလောင်မှုလို့ အတည်ပြုထားပါတယ်။


Qatar Energy ရဲ့ ထုတ်ပြန်ချက်အဆောက်အဦးတွေ အတော်လေး ပျက်စီးသွားပေမဲ့ ဝန်ထမ်းအားလုံး ဘေးကင်းကြောင်းနဲ့ မီးလောင်မှုကို ချက်ချင်း ဝိုင်းဝန်းငြှိမ်းသတ်နိုင်ခဲ့တယ်လို့ ဆိုပါတယ်။
​ကာတာနိုင်ငံခြားရေးဝန်ကြီးဌာနက ဒီတိုက်ခိုက်မှုကို ပြင်းပြင်းထန်ထန် ရှုတ်ချလိုက်ပြီး ဒါဟာ သူတို့နိုင်ငံရဲ့ လုံခြုံရေးကို တိုက်ရိုက်ခြိမ်းခြောက်တာဖြစ်သလို အီရန်ဟာ အိမ်နီးချင်းနိုင်ငံတွေကို တာဝန်မဲ့တဲ့ လုပ်ရပ်တွေနဲ့ ပစ်မှတ်ထားနေတယ်လို့ ဝေဖန်လိုက်ပါတယ်။


တိုက်ခိုက်မှုမဖြစ်ခင်မှာ အီရန်အစိုးရပိုင်မီဒီယာတွေကနေ ဆော်ဒီအာရေးဗီးယား၊ ယူအေအီးနဲ့ ကာတာနိုင်ငံတွေက ရေနံစက်ရုံတွေကို တိုက်ခိုက်တော့မှာဖြစ်လို့ လူတွေအမြန်ဆုံး ဖယ်ရှားထားကြဖို့ သတိပေးချက် ထုတ်ပြန်ခဲ့ပါသေးတယ်။

​ဒိုဟာမြို့မြောက်ဘက် ၈၀ ကီလိုမီတာအကွာမှာရှိတဲ့ ဒီမြို့ဟာ က္တာနိုင်ငံရဲ့ အဓိက စွမ်းအင်ဗဟိုချက်ဖြစ်ပြီး နိုင်ငံတကာကုမ္ပဏီတွေ အများအပြား ရင်းနှီးမြှုပ်နှံထားတဲ့နေရာလည်း ဖြစ်ပါတယ်။ အခုလက်ရှိမှာတော့ ဘေးကင်းလုံခြုံရေးအတွက် လူတွေကို နေရာရွှေ့ပြောင်းပေးနေပြီလို့ Reuters သတင်းမှာ ဖော်ပြထားပါတယ်။

image