OWIC ကိုင်ဆောင်ထားသူများအနေဖြင့် ပြည်ပနိုင်ငံသို့ ထွက်ခွာမည်ဆိုပါက သတ်မှတ်စည်ကမ်းများနှင့်အညီ ခွင့်ပြုချက်ရယူပြီးမှသာ ပြည်ပသို့ ပြန်လည်ထွက်ခွာရန် ထပ်မံအသိပေး

ပြည်ပအလုပ်အကိုင် အလုပ်သမား သက်သေခံကတ်ပြား (OWIC) လက်ဝယ်ကိုင်ဆောင်ထားသူများအနေဖြင့် ပြည်ပနိုင်ငံများသို့ ထွက်ခွာမည်ဆိုပါက ၂၀၂၆ ခုနှစ် ဇန်နဝါရီ ၁၄ ရက်က စတင်ပြီး သတ်မှတ်စည်းကမ်းများနှင့် အညီ အလုပ်သမား ညွှန်ကြားရေးဦးစီးဌာန၏ ခွင့်ပြုချက်ရယူပြီးမှသာ ပြည်ပကို ပြန်လည်ထွက်ခွာရန် လိုအပ်ကြောင်း အလုပ်သမားဝန်ကြီးဌာနက ထပ်မံအသိပေးကြေညာထားကြောင်း သိရသည်။

PJ နိုင်ငံကူးလက်မှတ်ဖြင့် ပြည်ပသို့ ထွက်ခွာမည့်သူများအတွက် ကျွမ်းကျင်မြန်မာလုပ်သားများ စေလွှတ်နိုင်ရေး နှင့် ပတ်သက်ပြီး လုပ်ဆောင်ရမည့် လုပ်ငန်းအစီစဉ်များကိုလည်း ၂၀၂၅ ခုနှစ် မတ်လအတွင်းက ထုတ်ပြန်ထားပြီး ပြည်ပထွက်ခွာခွင့်နှင့် ပတ်သက်၍ အလုပ်သမားညွှန်ကြားရေးဦးစီးဌာနသို့ အနည်းဆုံး ရုံးပိတ်ရက်မပါ ၅ ရက် ကြိုတင်လျှောက်ထားရမည်ဖြစ်ကြောင်းလည်း သိရသည်။

အလုပ်သမားညွှန်ကြားရေးဦးစီးဌာနအဖြေင့် OWIC ပြုလုပ်ခွင့်နှင့် ပြည်ပထွက်ခွာခွင့်များကို စိစစ်ခွင့်ပြုပေးနေကြောင်း သိရသည်။

သို့သော် အပြည်ပြည်ဆိုင်လေဆိပ်များကပေးပို့သည့် စာရင်းများအရ မိမိအစီအစဉ်ဖြင့် ခွင့်ပြန် OWIC လက်ဝယ်ရှိပြီးသူများသည် အလုပ်သမားညွှန်ကြားရေးဦးစီးဌာနသို့ တင်ပြခြင်းမရှိဘဲ ပြည်ပသို့ ထွက်ခွာနေသည့်ကို တွေ့ရှိရခြင်းကြောင့် ခွင့်ပြုချက်ရယူပြီးမှသာ ပြန်လည်ထွက်ခွာရန် ထပ်မံအသိပေးကြေညာထားကြောင်း သိရသည်။

image