ကမ္ဘာ့ဖလားပလေးအော့ဖ်ပွဲစဉ်မှ ဖြစ်ရပ်အတွက် နိုင်ဂျီးရီးယားနှင့် ဒီမိုကရက်တစ်ကွန်ဂိုတို့အား ဖီဖာ အရေးယူလာ
=======================
ဖီဖာဟာ ပြီးခဲ့တဲ့နှစ် နိုဝင်ဘာလတုန်းက ၂၀၂၂၆ ကမ္ဘာ့ဖလားပလေးအော့ဖ်ပွဲစဉ်မှ စည်းကမ်းချိုးဖောက်တဲ့ အဖြစ်အပျက်များအတွက် နိုင်ဂျီးရီးယားနှင့် ဒီမိုကရက်တစ်ကွန်ဂိုတို့အား အရေးယူလာပါတယ်။
ဖီဖာဟာ ယင်းပွဲအတွင်းတွင် နှစ်သင်းလုံး စည်းကမ်းချိုးဖောက်မှုများ ပြုလုပ်ကြောင်း တွေ့ရှိပြီးနောက် ဘောလုံးအဖွဲ့ချုပ်နှစ်ခုလုံးကို အရေးယူလာတာပါ။
ဖီဖာဟာ ပွဲအတွင်း ပရိသတ်များက အရာဝတ္ထုပစ္စည်းများဖြင့် ပစ်ပေါက်မှုကြောင့် နိုင်ဂျီးရီးယးဘောလုံးအဖွဲ့ချုပ်က ဆွစ်ဖရန့် ၁၀၀၀ (ဒေါ်လာ ၁၂၇၀) ဒဏ်ရိုက်လာပါတယ်။
ဒါ့အပြင် ကွန်ဂိုမှာလည်း ပရိသတ်များက လေဆာ(သို့မဟုတ်) လျှပ်စစ်ပစ္စည်းများဖြင့် ကစားသမားများကို ထိုးကြောင်း တွေ့ရပြီးနောက် ဆွစ်ဖရန့် ၅၀၀၀ ဒဏ်ရိုက်ခံလာရပါတယ်။
၂၀၂၅ ခုနှစ် နိုဝင်ဘာလ ၁၆ ရက်နေ့က ကစားတဲ့ ပွဲစဉ်တွင် ပွဲချိန်အတွင်း ၁ ဂိုးစီသရေကျပြီးနောက် ကွန်ဂိုက ပင်နယ်တီအဆုံးအဖြတ်တွင် ၄-၃ ဖြင့် ရှုံးနိမ့်ခဲ့ပါတယ်။
ယင်းရှုံးပွဲကြောင့် နိုင်ဂျီးရီးယားမှာ ၂၀၁၈ ခုနှစ်နောက်ပိုင်း ပထမဆုံးကမ္ဘာ့ဖလားခြေစစ်ပွဲအောင်မြင်ရေး မျှော်လင့်ချက် အဆုံးသတ်သွားခဲ့ပါတယ်။
ဒါပေမယ့် နိုင်ဂျီးရီးယားဟာ ယင်းရှုံးပွဲအပြီးတွင် ကွန်ဂိုမှာ နိုင်ငံပြောင်းလဲ ကစားထားတဲ့ ကစားသမားများကို အသုံးပြုထားတယ်လို့ တိုင်ချက်ဖွင်ထားကာ ဖီဖာရဲ့ ဆုံးဖြတ်ချက်အား စောင့်ဆိုင်းနေပါတယ်။
ယင်းသို့ နိုင်ဂျီးရီးယားဘက်က တိုင်ချက်ဖွင့်ထားပေမယ့် ဖီဖာက ကွန်ဂိုကို ကမ္ဘာ့ဖလားပလေးအော့ဖ်တွင် ထည့်သွင်းထားပါတယ်။ ကွန်ဂိုဟာ ကမ္ဘာ့ဖလားပလေးအော့ဖ်တွင် နယူးကာလီဒိုးနီးယားနှင့် ဂျာမေကာတို့ ပွဲစဉ်မှ အနိုင်ရတဲ့အသင်းနှင့် ရင်ဆိုင်ကစားရပါမယ်။
ဒီမိုကရက်တစ်ကွန်ဂိုဟာ ယခင် ဇိုင်ယာဆိုတဲ့ နိုင်ငံအမည်ကို အသုံးပြုတုန်းက ၁၉၇၄ ကမ္ဘာ့ဖလားခြေစစ်ပွဲအောင်မြင်ခဲ့ဖူးပါတယ်။