ပေါင် ၄၇ သန်းအထိ လျို့ဝှက်ငွေပေးမှုများအတွက် ဒဏ်ရိုက်ခံလာရတဲ့ ချဲလ်ဆီး
====================

ချဲလ်ဆီးဟာ ၂၀၁၁ ခုနှစ်မှ ၂၀၁၈ ခုနှစ်အတွင်းတွင် မှတ်ပုံတင်ထားခြင်းမရှိတဲ့ အေးဂျင့်များနှင့် တတိယအဖွဲ့တို့အား ပေါင် ၄၇ သန်းအထိ လျို့ဝှက်ငွေပေးမှုများအတွက် ပေါင် ၁၀ သန်းအထိ ဒဏ်ရိုက်ခံလာရသလို အပြောင်းအရွှေ့ပြုလုပ်ခွင့် ယာယီဆိုင်းငံ့ပြစ်ဒဏ်ချမှတ်ခြင်းခံလာရပါတယ်။

ပရီးမီးယားလိဂ်ဟာ ၂၀၀၇ ခုနှစ်တုန်းက ကားလို့စ်တီဗက်ဇ်နှင့် ဂျီဗီးယားမာရှေးယာနို အပြောင်းအရွှေ့တို့အတွက် ဝက်စ်ဟမ်းကို ပေါင် ၅.၅ သန်း ဒဏ်ရိုက်ပြီးနောက် သမိုင်းတွင် အကြီးမားဆုံးဒဏ်ရိုက်မှုအဖြစ် ချဲလ်ဆီးအား ဒဏ်ရိုက်လာတာပါ။

ကံကောင်းတာကတော့ ချဲလ်ဆီးဟာ အမှတ်လျှော့ချခြင်းမခံရတာ ဖြစ်ပါတယ်။

ဒါ့အပြင် ချဲလ်ဆီးဟာ အကယ်ဒမီကစားသမားခေါ်ယူမှု ၉ လကြာ ပိတ်ပင်ခြင်းခံလာရသလို ၂၀၁၉ ခုနှစ်မှ ၂၀၂၂၂ ခုနှစ်အတွင်း အကယ်ဒမီကစားသမားမှတ်ပုံတင်မှုအတွက်လည်း ပေါင် ၇၅၀၀၀၀ ဒဏ်ရိုက်ခံလာရပါတယ်။

ချဲလ်ဆီးဟာ အေဒင်ဟာဇက်၊ ဆင်မြူရယ်အီတိုး၊ ဝီလီယံ၊ ရာမီရက်စ်၊ ဒေးဗစ်လုပ်ဇ်၊ အင်ဒရေရှရယ်နှင့် နီမင်ဂျာမာတစ်တို့ရဲ့ အပြောင်းအရွှေ့တွင် လျို့ဝှက်ငွေပေးမှုများ ပြုလုပ်ခဲ့တာပါ။

ဒါပေမယ့် ကစားသမားတွေဘက်ကတော့ အမှားအယွင်းတစုံတရာ ပြုလုပ်ခဲ့ခြင်း မရှိပါဘူး။

ချဲလ်ဆီးဟာ ယခင်အသင်းပိုင်ရှင်ရိုမန်အေဘရာမိုဗစ်ချ် လက်ထက်တုန်းက အထက်ပါ ကစားသမားများအား ခေါ်ယူနိုင်ရေးအတွက် မှတ်ပုံတင်ထားခြင်း မရှိတဲ့ အေးဂျင့်များနှင့် တတိယအဖွဲ့တို့ကို ငွေပေးချေမှုများ ပြုလုပ်မှုအတွက် အရေးယူခံလာရတာပါ။

ချဲလ်ဆီးဟာ ၂၀၁၂ ခုနှစ်မှ ၂၀၁၉ ခုနှစ်အတွင်းတွင် ဘဏ္ဍာရေးဆိုင်ရာအချက်အလက် အပြည့်အစုံ မတင်ပြနိုင်မှုအတွက် ယူအီးအက်ဖ်အေရဲ့ ပေါင် ၈.၆ သန်း ဒဏ်ရိုက်ခြင်းခံခဲ့ရဖူးပါတယ်။

ချဲလ်ဆီးဟာ ကစားသမားများအား ခေါ်ယူနိုင်ရေး လျို့ဝှက်ငွေပေးမှုများ ပြုလုပ်တဲ့ ၂၀၁၁ ခုနှစ်မှ ၂၀၁၈ ခုနှစ်ကာလအတွင်းတွင် ပရီးမီးယားလိဂ်ဖလား ၂ ကြိမ်၊ အက်ဖ်အေဖလား ၂ ကြိမ်၊ ချန်ပီယံလိဂ် ၁ ကြိမ်၊ ယူရိုပါလိဂ် ၁ ကြိမ်၊ လိဂ်ဖလား ၁ ကြိမ်တို့ ရရှိခဲ့ပါတယ်။

ဒါ့အပြင် ချဲလ်ဆီးဟာ ယင်း ၇ နှစ်တာကာလအတွင်းတွင် နည်းပြ ၆ ဦး အပြောင်းအလဲ ပြုလုပ်ခဲ့ပြီး ယင်းလျို့ဝှက်ငွေပေးမှုများတွင် နည်းပြများ ပါဝင်ပတ်သက်ခြင်း မရှိခဲ့ပါဘူး။

image