ထိုင်းအမျိုးသားလွှတ်တော်အစည်းအဝေးစတင်ဖွင့်လှစ်
ဖွင့်ပွဲကို ထိုင်းနိုင်ငံဆိုင်ရာ မြန်မာသံအမတ်ကြီးတက်ရောက်ခဲ့
ထိုင်းနိုင်ငံ၊ ဗန်ကောက်မြို့၊ အမျိုးသားလွှတ်တော်(ဆပ်ပါယ ဆတ်ဖား ဆတ်ထာန်)၌ မတ် ၁၄ ရက်ညနေ ၅ နာ ရီကကျင်းပသည့် ၂၀၂၆ ခုနှစ် ထိုင်းအမျိုးသားလွှတ် တော်အစည်းအဝေးဖွင့်ပွဲကို ထိုင်းနိုင်ငံဆိုင်ရာ မြန်မာသံအမတ်ကြီးဦးဇော်ဇော်စိုးတက်ရောက်ခဲ့သည်။
ထိုင်းဘုရင်မင်းမြတ် His Majesty King Maha Vajiralongkorn Phra Vajiraklaochaoyuhua မှ နိုင်ငံနှင့် လူမျိုးအကျိုးစီးပွားအတွက် လွှတ်တော်အမတ်များအနေဖြင့် တာဝန်ဝတ္တရားများကို ကျေပွန်စွာထမ်းဆောင်ကြရန် တော်ဝင်မိန့်ခွန်းပြောကြားရာ၌ ထည့်သွင်းပြောကြားခဲ့သည်။
၂၀၂၆ ခုနှစ် ထိုင်းအမျိုးသားလွှတ်တော် အစည်းအ ဝေးဖွင့်ပွဲသို့ မြန်မာသံအမတ်ကြီးအပါအဝင် အောက် လွှတ်တော်ကိုယ်စားလှယ်များ၊ အထက်လွှတ်တော်အမတ်များ၊ အိမ်စောင့်အစိုးရအဖွဲ့ဝင်များ၊ ဗန်ကောက်မြို့ရှိ သံရုံး/အဖွဲ့ရုံးများနှင့် ကောင်စစ်ဝန်ရုံးများ၏ အ ကြီးအကဲများတက်ရောက်ခဲ့ကြသည်။