စက်မှု၊ စိုက်ပျိုး၊ မွေးမြူရေးတက္ကသိုလ်ဝင်စာမေးပွဲ ပဉ္စမနေ့တွင် ကျောင်းသား၊ ကျောင်းသူ(၃,၃၆၄)ဦးဝင်ရောက်ဖြေဆို
၂၀၂၆ ခုနှစ်၊ စက်မှု၊ စိုက်ပျိုး၊ မွေးမြူရေးတက္ကသိုလ် ဝင်စာမေးပွဲ ပဉ္စမနေ့အား ယနေ့ မတ် ၁၆ ရက်ကဆက် လက်ကျင်းပရာ စာစစ်ဌာန(၅၃)ခုတွင် ကျောင်းသား၊ ကျောင်းသူ(၃,၃၆၄)ဦးဝင်ရောက်ဖြေဆိုခဲ့ကြကြောင်း သိရသည်။
စက်မှုအတတ်ပညာ(မြေတိုင်းပညာ၊ လျှပ်စစ်ဆိုင်ရာစက်ပစ္စည်းများ၊ ဂဟေဆက်နည်းပညာ)၊ စိုက်ပျိုးရေးအတတ်ပညာ(သီးနှံကာကွယ်ရေး)နှင့် မွေးမြူရေးအ တတ်ပညာ(ရေသတ္တဝါမွေးမြူရေးနှင့် ပျားမွေးမြူရေး) ဘာသာရပ်တို့ကိုဖြေဆိုခဲ့ကြကြောင်း သိရသည်။
ထို့ပြင် တက္ကသိုလ်ဝင်စာမေးပွဲ၏ ရူပဗေဒဘာသာရပ်နှင့် သမိုင်းဘာသာရပ်တို့ကိုလည်း နေပြည်တော်အပါ အဝင် တိုင်းနှင့် ပြည်နယ်အလိုက် ခရိုင်၊ မြို့နယ်၊ စာစစ်ဌာနများနှင့် နိုင်ငံခြားစာစစ်ဌာနအပါအဝင် စာစစ်ဌာန (၈၈၇)ခု၌ ကျောင်းသား၊ ကျောင်းသူ(၂၅၄,၆၄၉)ဦးဝင်ရောက်ဖြေဆိုခဲ့ကြကြောင်း သိရသည်။
ကျောင်းသား၊ ကျောင်းသူများ စိတ်အေးချမ်းသာစွာနှင့် ဘေးအန္တရာယ်ကင်းရှင်းစွာဖြေဆိုနိုင်ရေးအတွက် သက်ဆိုင်ရာ လုံခြုံရေးအဖွဲ့ဝင်များ၊ ကျန်းမာရေးဝန် ထမ်းများ၊ မီးသတ်တပ်ဖွဲ့ဝင်များနှင့် ရပ်ကွက်ကျေးရွာအုပ်ချုပ်ရေးအဖွဲ့ဝင်များက စနစ်တကျစောင့်ကြပ်ကြည့်ရှုပေးလျက်ရှိပြီး တာဝန်ရှိသူများကလည်းကြည့်ရှုအားပေးခဲ့ကြကြောင်း သိရသည်။