ကရင်ပြည်နယ်နှင့် ဧရာဝတီတိုင်းတို့မှ တပ်မတော်သားလွှတ်တော်ကိုယ်စားလှယ်(၂)ဦးကို အစားထိုးပြောင်း လဲ

ကရင်ပြည်နယ်လွှတ်တော်နှင့် ဧရာဝတီတိုင်းလွှတ်တော်တို့မှ တပ်မတော်သားလွှတ်တော်ကိုယ်စားလှယ်(၂)ဦးကို အစားထိုးပြောင်းလဲခဲ့ကြောင်း ပြည်ထောင်စုရွေး ကောက်ပွဲကော်မရှင်(UEC)မှ ယနေ့ မတ် ၁၆ ရက်တွင် ကြေညာချက်အမှတ်(၃၆ /၂၀၂၆)ဖြင့် ထုတ်ပြန်ခဲ့သည်။

ကရင်ပြည်နယ်လွှတ်တော်အတွက် ဗိုလ်မှူးကြီးမင်းသူကျော်အစား ဗိုလ်မှူးကြီးစိုးမိုးဝင်း၊ ဧရာဝတီတိုင်းလွှတ် တော်အတွက် ဗိုလ်မှူးကြီးခန့်မွန်ဆွေအစား ဗိုလ်မှူးကြီးစိုးမင်းဦးတို့ကို အစားထိုးပြောင်းလဲခဲ့သည်။

၎င်းတို့အား တပ်မတော်ကာကွယ်ရေးဦးစီးချုပ်က အ မည်စာရင်းတင်သွင်းထားသော တပ်မတော်သားတိုင်းဒေသကြီးလွှတ်တော်(သို့)ပြည်နယ်လွှတ်တော် ကိုယ် စားလှယ်နှစ်ဦးကို အမည်စာရင်းပြောင်းလဲလိုကြောင်း တိုင်းဒေသကြီးလွှတ်တော် (သို့) ပြည်နယ်လွှတ်တော် ရွေးကောက်ပွဲဥပဒေပုဒ်မ ၃၃ နှင့်အညီအကြောင်းကြားခဲ့ခြင်းဖြစ်သည်။

ထို့ကြောင့် UEC မှစိစစ်ပြီးနောက် ကော်မရှင်၏ကြေ ညာချက်အမှတ်(၃၅ /၂၀၂၆ )တွင် ဖော်ပြထားသည့်အတိုင်းအစားထိုးပြောင်းလဲခဲ့ခြင်းဖြစ်သည်ဟု ထုတ်ပြန်ခဲ့သည်။

image