ထိုင်းလွှတ်တော်က မတ်၁၉ တွင် ဝန်ကြီးချုပ်အသစ်ကို မဲပေး ရွေးချယ်မည်

မတ်လ ၁၉ ရက်နေ့၏ လွှတ်တော်အစီအစဉ်တွင် ထိုင်းနိုင်ငံ၏ ဝန်ကြီးချုပ်သစ်ကို ရွေးကောက်တင်မြှောက်ရန် မဲပေးမည့် အစီအစဉ်ထည့်သွင်းသွားမည်ဟု မကြာခင်က လွှတ်တော်ဥက္ကဌအဖြစ် ခန့်အပ်ခံထားရသော ဆိုဖွန်ဆာရမ်က ပြောကြားခဲ့သည်။ တနင်္လာနေ့တွင် ၎င်းနှင့် ဒုတိယဥက္ကဌနှစ်ဦးကို တရားဝင်ခန့်အပ်သည့် ဘုရင့်အမိန့်ထွက်လာပြီးနောက် ၎င်းက ထိုသို့ပြောကြားခဲ့ခြင်းဖြစ်သည်။

နိုင်ငံသည် အကြပ်အတည်းများစွာနှင့် ရင်ဆိုင်နေရသောကြောင့် ဆောင်ခရန်ပွဲတော်မတိုင်မီ အပြည့်အဝအာဏာရှိသော အစိုးရတစ်ရပ်ကို သူ မြင်တွေ့လိုကြောင်း ဆိုဖွန်ဆာရမ်က ပြောကြားခဲ့သည်။

တော်ဝင်အမိန့်တော်အရ ဆိုဖွန်ကို အောက်လွှတ်တော်ဥက္ကဌ၊ မာလီကာ ဂျီရာပန်ဗန်နစ်ကို ဒုတိယဥက္ကဌ(၁)၊ လာ့တ်ဆက် ပတ်တနာချိုင်ကူလ်ကို ဒုတိယဥက္ကဌ(၂) အဖြစ် တရားဝင်ခန့်အပ်ခဲ့သည်။ မတ်လ ၁၅ ရက်နေ့ လွှတ်တော်မဲပေးမှုများအပြီးတွင် ခန့်အပ်မှုများလုပ်ခဲ့ပြီး တနင်္လာနေ့မွန်းလွဲပိုင်းတွင် တော်ဝင်အမိန့်တော်ကို လက်ခံရရှိသည့် အခမ်းအနားကို လွှတ်တော်၌ ကျင်းပခဲ့သည်။

ယခင်လွှတ်တော်က မပြီးပြတ်ခဲ့သော ဖွဲ့စည်းပုံအခြေခံဥပဒေပြင်ဆင်ရေး ကြိုးပမ်းမှုများနှင့် ပတ်သက်၍ မေးမြန်းရာတွင် လမ်းညွှန်ချက်ကို လာမည့်အစိုးရက ဦးစွာအတည်ပြုရမည်ဖြစ်ပြီး အစိုးရအဖွဲ့သစ်ကို တာဝန်ထမ်းဆောင်ရန် စောင့်ဆိုင်းရမည်ဟု ဆိုဖွန်က ပြောကြားခဲ့သည်။

Ref: သည်နေရှင်း

image