3 ရက် - ဘာသာပြန်ပါ။

ကွင်းအတွင်း မေ့လဲကျပြီးနောက် ဆေးရုံမှ ပြန်ဆင်းနိုင်ပြီဖြစ်တဲ့ လက်ချီကစားသမား
=================
လက်ချီစတားလာမစ်ခ်ဘန်ဒါဟာ စနေနေ့ညတုန်းက Maradona Stadium ကွင်းတွင် နာပိုလီနှင့် ကစားတဲ့ပွဲစဉ်တွင် ကွင်းအတွင်း‌ မေ့လဲကျကာ ဆေးရုံတက်ခဲ့ရပြီးနောက် ဆေးရုံမှ ပြန်ဆင်းလာနိုင်ခဲ့ပြီ ဖြစ်ပါတယ်။

ဆာလန်တိုဖွား ဇမ်ဘာဘွေလက်ရွေးစင်တောင်ပံကစားသမားဟာ ရင်ဘတ်နာကျင်ကာ မေ့လဲကျသွားခဲ့ပါတယ်။

ဘန်ဒါ မေ့လဲကျသွားတာကို ပထမဆုံးသတိထားမိသွားခဲ့တာက နာပိုလီနည်းပြအန်တိုနီယိုကွန်တီနှင့် မာတီယိုပိုလီတာနိုတို့ ဖြစ်ပြီး ကွင်းအတွင်း ပြေးဝင်ရောက်သွားကာ ဒိုင်အား ပွဲကစားတာ ရပ်ပြီး ဆေးဘက်ဆိုင်ရာအကူအညီ ချက်ချင်းတောင်းခံခဲ့ပါတယ်။

သူ့ကို ဂေါက်ကွင်းကားဖြင့် ကွင်းအပြင်သို့ ထုတ်သွားပြီးနောက် လူနာတင်ယာဉ်ဖြင့် Cardarelli Hospital သို့ ပို့ဆောင်ခဲ့ပါတယ်။

ယခုအခါမှာတော့ လက်ချီအသင်းက လာမစ်ခ်ဘန်ဒါမှာ Cardarelli Hospital ဆေးစစ်ဆေးမှုများစွာ ပြုလုပ်ပြီးနောက် ဆေးရုံမှ ပြန်ဆင်းလာနိုင်ပြီ ဖြစ်ကြောင်း ကြေညာသွားပါတယ်။

image