ဒီနည်းလမ်းအတိုင်း လုပ်စားလာတာ ၁ ပတ်ရှိပြီဖြစ်လို့ ခန္ဓာကိုယ်မှာ သိသိသာသာ ပြောင်းလဲမှုတွေ ရှိလာပါတယ်။ ကျန်းမာရေး ပိုကောင်းလာသလို၊ လမ်းလျှောက်ရတာလည်း ပိုသွက်လက်လာပါတယ်။ လုပ်ရတာလည်း လွယ်ကူပြီး မီးဖိုချောင်ထဲမှာရှိတဲ့ ပစ္စည်းတွေနဲ့တင် အဆင်ပြေပြေ လုပ်နိုင်ပါတယ်။
ပါဝင်ပစ္စည်းများ...
• ဂျင်းတက် - ၁၀ ပြား (အကွင်းလိုက် လှီးထားပါ)
• ကြက်သွန်ဖြူ - ၅ တက်
• သံပရာသီး - ၁ လုံး
• ပျားရည် - ထမင်းစားဇွန်း ၁ ဇွန်း
• ဆိုဒါ (Soda Water) - ၁ ပုလင်း
ပြုလုပ်နည်း
1. ဂျင်းနဲ့ ကြက်သွန်ဖြူကို ညက်နေအောင် ထောင်းပါ (သို့မဟုတ်) ကြိတ်စက်နဲ့ ကြိတ်ပေးပါ။
2. ညက်သွားပြီဆိုလျှင် ဖန်ခွက်ထဲထည့်ပြီး သံပရာသီး ၁ လုံးကို ညှစ်ထည့်ပါ။
3. ပျားရည် ထမင်းစားဇွန်း ၁ ဇွန်း ထပ်ထည့်ပါ။
4. ပြီးနောက် ဆိုဒါကို ဖန်ခွက်အပြည့် လောင်းထည့်ပြီး အားလုံးနှံ့သွားအောင် မွှေပေးပါ။
5. ဆေးဖက်ဝင် အာနိသင်များ ထွက်လာစေရန် ၅ မိနစ်ခန့် ဒီအတိုင်း ထားထားပါ။
6. ၅ မိနစ်ပြည့်လျှင် အဖတ်များကို စစ်ထုတ်ပြီး အရည်ကိုသာ ယူပါ။
သောက်သုံးရန်အညွှန်း...
• တစ်နေ့လျှင် ၁ ခွက် ပုံမှန်သောက်ပေးပါ။
• အစာမစားမီဖြစ်စေ၊ စားပြီးမှဖြစ်စေ အဆင်ပြေတဲ့အချိန်မှာ သောက်နိုင်ပါတယ်။
• ၁ ပတ်ထက်ပိုပြီး ဆက်တိုက်သောက်ပေးပါက ကျန်းမာရေး သိသိသာသာ ကောင်းမွန်လာတာကို တွေ့ရပါလိမ့်မယ်။
ရရှိနိုင်တဲ့ အကျိုးကျေးဇူးများ
• သွေးတွင်း အဆီဓာတ်ကို လျော့ကျစေပါတယ်။
• သွေးကြောပိတ်ခြင်း၊ သွေးကြောကျဉ်းခြင်း ဝေဒနာခံစားနေရသူများအတွက် အထူးကောင်းမွန်ပါတယ်။
• ခန္ဓာကိုယ် ခုခံအားကို မြှင့်တင်ပေးပါတယ်။
• ဗိုက်အောင့်၊ ဗိုက်ကယ်ခြင်းနှင့် ပျို့အန်ခြင်း ဝေဒနာများကို သက်သာစေပါတယ်။
မှတ်ချက် - ဒီနည်းလမ်းကို ကိုယ်တိုင်စမ်းသပ်ကြည့်ဖို့ တိုက်တွန်းချင်ပါတယ်။ ကျန်းမာရေးအတွက် တကယ်ကို အထောက်အကူပြုပါတယ်။

image