ပွဲမတိုင်မီ ကစားသမားများရဲ့ စုဝေးမှုအား ဝင်ရောက်ခဲ့တဲ့အပြင် ပင်နယ်တီမပေးခဲ့တဲ့ ဒိုင်လူကြီးရဲ့ လုပ်ရပ်အား ဒိုင်အဖွဲ့ချုပ်ထံ တိုင်ချက်ဖွင့်လာမယ့် ချဲလ်ဆီး
==================
လီယမ်ရိုဆင်နီယာဟာ နယူးကာဆယ်အား ရှုံးနိမ့်တဲ့ပွဲမတိုင်မီ ချဲလ်ဆီးကစားသမားများရဲ့ ပွဲမတိုင်မီ စုဝေးမှုအား ကျူးကျော်ခဲ့တဲ့ ဒိုင်လူကြီးပေါလ်တီယာနေးအနေဖြင့် ကိုယ့်အလုပ်ကိုသာ အာရုံစိုက်မည်ဆိုပါက သိသာထင်ရှားတဲ့ ပင်နယ်တီအား ပေးလာမည်ဖြစ်ကြောင်း ဝေဖန်ပြောဆိုခဲ့ပါတယ်။

စတမ်းဖို့ဒ်ဘရစ်ချ်ကွင်းပွဲစဉ်မတိုင်မီ ချဲလ်ဆီးကစားသမားများ တစ်ဦးကို တစ်ဦးဖက်ကာ စုဝေးစဉ် ပေါလ်တီယာနေးမှာ နေရာဖယ်ပေးရန် ငြင်းဆိုခဲ့ပြီး ကစားသမားများရဲ့အလယ်သို့ ရောက်နေခဲ့ပါတယ်။

ချဲလ်ဆီးဟာ နယူးကာဆယ်ကို ၁-၀ ဂိုးဖြင့် အရေးနိမ့်ခဲ့ပြီး ချန်ပီယံလိဂ်ဝင်ခွင့် တိုက်ပွဲအတွက် ကြီးမားတဲ့ ထိုးနှက်ချက် ကြုံလာပါတယ်။

ချဲလ်ဆီးနည်းပြရိုဆင်နီယာဟာ ယင်းပွဲတွင် ကိုးလ်ပါလ်မာအား နစ်ဝယ်တီမိတ်က ပြစ်ဒဏ်ကျူးလွန်မှုအပေါ် ပင်နယ်တီမပေးခဲ့မှုအတွက် အကြီးအကျယ် ဒေါသထွက်နေပါတယ်။

သူဟာ ဒိုင်လူကြီးတီယာနေးရဲ့ လုပ်ရပ်များနှင့်ပတ်သက်ပြီး ပရော်ဖက်ရှင်နယ်ဒိုင်အဖွဲ့ချုပ်နှင့် ဆက်သွယ် တိုင်ကြားမှု ပြုလုပ်လာပါမယ်။

ရိုဆင်နီယာက "ကျုပ်ကစားသမားတွေက ဘောလုံးကို လေးစားတဲ့အပြုအမူ၊ စည်းလုံးတယ်၊ ခေါင်းဆောင်မှုရှိတယ်ဆိုတာကို ပြသလိုတဲ့အတွက် ဘောလုံးကို ဝိုင်းဝန်းထားလိုခဲ့ကြတယ်။ ကျွန်တော့်ဆုံးဖြတ်ချက်ကြောင့် ဒီလို လုပ်တာ မဟုတ်ပါဘူး။ အုပ်စုခေါင်းဆောင်နဲ့ အသင်းက ဆုံးဖြတ်တာပါ။ အခု သူတို့ လုပ်တာကလည်း ပြိုင်ဘက်ကို မလေးမစား လုပ်တာလည်း မဟုတ်ပါဘူး။ ဒိုင်လူကြီးနဲ့ တွေ့ဆုံမှု ရှိခဲ့တယ်။ ကျုပ်လက်ထောက် သွားတယ်။ ပထမဆုံးအရာက သူ(တီယာနေး)က ကျွန်တော်တို့ရဲ့ ဖက်တာနဲ့ပတ်သက်ပြီး ပြောတယ်။ သူက အာဆင်နယ်နဲ့ပွဲမှာ ကျွန်တော့်ကွင်းကို ကျော်တာနဲ့ပတ်သက်ပြီး စောဒကတက်တာ ပြောတယ်။ ပြိုင်ဘက်ကို မလေးမစား လုပ်တာ မဟုတ်ပါဘူး။ တကယ်လို့ ပေါလ်သာ သူ့အလုပ်ကို သူ အာရုံစိုက်တယ်ဆိုရင် မှန်ကန်တဲ့ ဆုံးဖြတ်ချက် ချနိုင်ရမှာပေါ့။ ကျွန်တော်တို့ ပင်နယ်တီရခဲ့သင့်တယ်။ ဒီအခန်းထဲမှာ ရှိတဲ့ လူတိုင်း ဝယ်တီမိတ်က ကိုးလ်ပါလ်မာကို ဧရိယာထဲမှာ မကန်ခဲ့ဘူးလို့ ပြောနိုင်မယ်လို့ မထင်ပါဘူး။ ဒီတော့ အရေးကြီးတာကို အာရုံစိုက်ကြပါစို့။ ကျွန်တော့်အသင်းက စည်းလုံးကြောင်း ပြသတာ ကွင်းထဲမှာ မှန်ကန်တဲ့ ဆုံးဖြတ်ချက်ချဖို့ လိုတာလောက် အရေးမကြီးပါဘူး"လို့ ပြောကြားသွားပါတယ်။

image