အာကာသ သိပ္ပံနှင့် နည်းပညာ ဖွံ့ဖြိုးတိုးတက်ရေးဆောင်ရွက်ရန် အာကာသသိပ္ပံ နှင့် နည်းပညာဖွံ့ဖြိုးတိုးတက်ရေးကော်မရှင် ဥပဒေ ပြဌာန်း
အာကာသ သိပ္ပံနှင့်နည်းပညာဖွံ့ဖြိုးတိုးတက်ရေးကော်မရှင် ဥပဒေကို ပြဌာန်းလိုက်ကြောင်း ကြောင်း ယနေ့ မတ်လ ၁၄ ရက်နေ့ ရက်စွဲဖြင့် အမျိုးသားကာကွယ်ရေးနှင့် လုံခြုံကောင်စီ ထုတ်ပြန်ချက်အရ သိရသည်။
အဆိုပါ ဥပဒေ တွင် ပြဌာန်းထားသည့် ရည်ရွယ်ချက်များ အရ အာကာသ သိပ္ပံနှင့်နည်းပညာဖွံ့ဖြိုးတိုးတက်ရေးအတွက် နိုင်ငံတကာပူးပေါင်းဆောင်ရွက်ရန် ၊ အာကာသပညာရပ်ကို လူမှုစီးပွားဖွံ့ဖြိုးတိုးတက်ရေး နှင့် ငြိမ်းချမ်းရေးအတွက် အသုံးချနိုင်ရန် ရည်ရွယ်ထားကြောင်း ဖော်ပြထားသည်။
ထိုပြင် စိုက်ပျိုးရေး၊ သဘာဝဘေးအန္တာရာယ် စီမံခန့်ခွဲရေး နှင့် တုံ့ပြန့်ရေးအပါအဝင် ပြည်သူလူထု၏ လူမှုစီးပွားဘဝ ဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းများတွင် အာကာသ နည်းပညာများ ဖြင့် အထောက်ကူပြုနိုင်ရန်လည်း ရည်ရွယ်ထားကြောင့် ဖော်ပြထားသည်။
ဥပဒေအရ အာကာသ သိပ္ပံနှင့်နည်းပညာဖွံ့ဖြိုးတိုးတက်ရေးကော်မရှင် ကော်မရှင်ကို ဥက္ကအပါဝင် သင့်လျော်သည့် ပုဂ္ဂိုလ် အနည်းဆုံးငါးဦးဖြင့် နိုင်ငံတော် သမ္မတ က ဖွဲ့စည်းနိုင်ကြောင်း နှင့် ဥက္ကဌနှင့် အတွင်းရေးမှုးကို နိုင်ငံတော်သမ္မတက သတ်မှတ်ပေးရမည်ဖြစ်ကြောင်းလည်း ပြဌာန်းထားသည်။
ထိုပြင် အဆိုပါ ကော်မရှင်၌လွှတ်တော်ကိုယ်စားလှယ်တစ်ဦးဦးကို ခန့်အပ်တာဝန်ပေးအပ်လိုက်ပါက သက်ဆိုင်ရာလွှတ်တော် ဥက္ကဌ ၏ သဘောတူညီချက်ဖြင့် ခန့်အပ်တာဝန်ပေးနိုင်ကြောင်းလည်း ထည့်သွင်းဖော်ပြထားသည်။
အာကာသ သိပ္ပံနှင့်နည်းပညာဖွံ့ဖြိုးတိုးတက်ရေးကော်မရှင် ၏ သက်တမ်းသည့် နိုင်ငံတော် သမ္မတ၏ သက်တမ်းအတိုင်းဖြစ်ကြောင်း သိရသည်။