Barcode ဖတ်မရသည့် ယာဉ်များအတွက် အရောင်းဆိုင်များ တွင် စက်သုံးဆီဝယ်ယူရန်အတွက်သာ QR ကုတ်ထုတ်ပေးခြင်းစနစ်ကို မတ်လ ၁၅ ရက်နေ့ တွင် စတင်ဆောင်ရွက်ပေးမည်

Barcode ဖတ်မရသည့် ယာဉ်များအတွက် အရောင်းဆိုင်များတွင် ယာဉ်၏ အချက်အလက်များကို ဖြည့်သွင်းစေပြီး စက်သုံးဆီဝယ်ယူရန်အတွက်သာ QR ကုတ်များ ထုတ်ပေးခြင်း စနစ်ကို မတ်လ ၁၅ ရက်နေမှစတင်၍ ဆောင်ရွက်ပေးသွားမည်ဖြစ်ကြောင်း သိရသည်။

စက်သုံးဆီပြတ်လပ်မှုမရှိစေရေး နှင့် အမှန်တကယ်လိုအပ်သူများ အဆင်ပြေချောမွေ့စွာ ဝယ်ယူရရှိနိုင်စေရန် ရည်ရွယ်ပြီး မတ်လ ၁၂ ရက်နေ့က စတင်ပြီး နေပြည်တော်ကောင်စီနယ်မြေနှင့် ရန်ကုန်၊မန္တလေး၊တောင်ကြီး မြို့ ရှိ စက်သုံးဆီအရောင်းဆိုင်များတွင် မော်တော်ယာဉ်များ အတွက် Wheel Tax တွင် ပါရှိသည့် Barcode နှင့် ဆိုင်ကယ်များအတွက် Wheel Tax ပါ အချက်အလက်များကို အသုံးပြု၍ QR ထုတ်ပေးပြီး Application ဖြင့် စစ်ဆေးသည့်နည်းလမ်းကို ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

အဆိုပါ စိစစ်ဆောင်ရွက်မှုအရ မော်တော်ယာဉ် (၆၂,၀၁၇) စီး နှင့် မော်တော်ဆိုင်ကယ် (၅၆,၀၈၀)စီ ကို အဆင်ပြေချောမွေ့စွာ ရောင်းချပေးနိုင်ခဲ့ကြောင်း သိရသည်။

အဆိုပါ စိစစ်ဆောင်ရွက်မှု ၍ အချို့ယာဉ်များ ၏ Wheel Tax တွင် ပါရှိသည့် Barcode များသည့် ဆေးရောင်မှိန်သည့်အတွက် scan ဖတ်ရန် အခက်ခဲရှိခြင်း စနစ်၏ အချက်လက်များအကြား ကွဲလွဲမှု အချို့ရှိခြင်း နှင့် အချိုးယာဉ်များမှာ တစ်ရက်အတွင်း ထမ်မံပြန်လည်ဝယ်ယူရန် ကြိုးစားခြင်းများကို စိစစ်တွေ့ရှိခဲ့ကြောင်းလည်း သိရသည်။

ထိုကြောင့် ယာဉ်၏ အချက်လက်များ ပိုမိုပြည့်စုံမှန်ကန်ရေး သက်ဆိုင်ရာဌာနများ နှင့် ညိနှိုင်းပေါင်းစပ်ဆောင်ရွက်နေကြောင်း လည်း သိရသည်။

ခရီးဝေးသွားလာသည့် ကိုယ်ပိုင်ယာဉ်များအတွက် စက်သုံးဆီဖြည့်လိုပါက scan ထပ်မံဖတ်ရန် မလိုဘဲ ယင်းရက်အတွက် စက်သုံးဆီဝယ်ယူထားသည့် ငွေရှင်းပြေစာကို ပြသ၍ အဝေးပြေးလမ်းမကြီးများ ရှိ စက်သုံးဆီအရောင်းဆိုင်များ နှင့် အခြားခရီးဝေး မိုင် ၁၀၀ အထက် မြို့များရှိ စက်သုံးဆီ အရောင်းဆိုင်များတွင် ထပ်မံဝယ်ယူနိုင်ကြောင်းလည်း သိရသည်။

image