(၈၁)နှစ်မြောက်တပ်မတော်နေ့ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့် မြန်အောင်ခရိုင်နှင့် ဟင်္သာတခရိုင်အတွင်း ကွန်ကရစ်လမ်းနှင့် တံတားများဖွင့်လှစ်
(၈၁) နှစ်မြောက်တပ်မတော်နေ့ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့် ပုသိမ်-မုံရွာ-ဘက်ရဲမြို့အဝင်လမ်းပေါ်ရှိ တံတားဦးကွန်ကရစ်တံတား အရှည် (၁၀၀) ပေ၊ အကျယ် (၂၀) ပေ ဖွင့်ပွဲကို မတ် ၁၄ ရက်က ကျင်းပခဲ့ရာ ဧရာဝတီတိုင်းဒေသကြီးဝန်ကြီးချုပ် ဦးတင်မောင်ဝင်းက တာဝန်ရှိသူများနှင့်အတူ ဖဲကြိုးဖြတ်ဖွင့်လှစ်ပေးခဲ့ကြောင်း သိရသည်။
၂ဝ၂၅ -၂ဝ၂၆ ခု ဘဏ္ဍာရေးနှစ် ငွေလုံးငွေရင်းရန်ပုံငွေဖြင့် မြန်အောင်မြို့နယ်စည်ပင်သာယာရေးအဖွဲ့နှင့် ပြည်သူလူထုတို့ ပူပေါင်းဆောင်ရွက်သော အမှတ် (၄) ရပ်ကွက်၊ ကျောင်းကြီးလမ်း ကွန်ကရစ်ခင်းခြင်း၊ လမ်းအရှည်၉၇၅ပေ၊ အကျယ် ၂၀ပေ၊ ထု ၇ လက်မရှိ ကွန်ကရစ်လမ်းကိုလည်း မတ် ၁၄ ရက်က ဖွင့်လှစ်ခဲ့ကြောင်း သိရသည်။
အလားတူ အင်္ဂပူမြို့နယ်စည်ပင်သာယာရေးအဖွဲ့မှ ၂ဝ၂၅-၂ဝ၂၆ ခု ဘဏ္ဍာရေးနှစ် ငွေလုံးငွေရင်းရန်ပုံငွေဖြင့် ဆောင်ရွက်သော အင်္ဂပူမြို့၊ သရက်ချောင်းလမ်း လမ်းအရှည် ၄၈၀ပေ၊ အကျယ်၁၀ပေ၊ ထု ၆ လက်မရှိ ကွန်ကရစ်လမ်း၊ ယင်းနောက် အင်္ဂပူမြို့နယ်ကျေးလက်လမ်း ဖွံ့ဖြိုးရေးဦးစီးဌာနမှ ၂၀၂၅-၂၀၂၆ ဘဏ္ဍာရေးနှစ်၊ ပြည်ထောင်စုငွေလုံးငွေရင်းရန်ပုံငွေဖြင့် ဆောင်ရွက်သော ပဆင-ဆုံကုန်း-ထန်းပင်ကန်ကွန်ကရစ်လမ်း လမ်းအရှည် ၂ ဖာလုံ၊ အကျယ် ၁၂ ပေ၊ ထု ၇ လက်မ ကွန်ကရစ်လမ်းတို့ကို မတ် ၁၄ ရက်က ဖွင့်လှစ်ခဲ့ကြောင်း သိရသည်။
ဟင်္သာတမြို့နယ်ကျေးလက်လမ်းဖွံ့ဖြိုးရေးဦးစီးဌာနမှ ၂၀၂၅-၂၀၂၆ ဘဏ္ဍာရေးနှစ်၊ ပြည်ထောင်စုငွေလုံးငွေရင်းရန်ပုံငွေဖြင့် ဆောင်ရွက်သော ပဆင-ရုံးတောစု-ဆင်မသေ-ဆင်မသေ(မြောက်)-နင်းဂျမ်းဦးလမ်း ကွန်ကရစ်လမ်း လမ်းအရှည် ၃ ဖာလုံ၊ အကျယ် ၁၂ ပေ၊ ထု ၇ လက်မရှိ ကွန်ကရစ်လမ်းဖွင့်ပွဲအခမ်းအနားကို မတ် ၁၄ ရက်နေ့က ကျင်းပခဲ့ရာ ဖွင့်ပွဲအခမ်းအနားကျင်းပ ဧရာဝတီတိုင်းဒေသကြီးဝန်ကြီးချုပ် ဦးတင်မောင်ဝင်းက တာဝန်ရှိသူများနှင့်အတူ ဖွင့်လှစ်ပေးခဲ့ကြောင်းသိရသည်။