တရားရုံးကြားနာမှုတွင် ဗလက္ကာယမှု စွပ်စွဲမှုများကို အာဆင်နယ်စတားဟောင်းငြင်းဆိုလာ
====================
အာဆင်နယ်စတားဟောင်းသောမတ်စ်ပါတေးဟာ ဗလက္ကာယမှုအသစ် ၂ ခု စွပ်စွဲမှုအား တရားရုံး ကြားနာမှုတွင် ငြင်းဆိုလာပါတယ်။

အသက် ၃၂ နှစ်ရှိ ဗီလာရီးရဲလ်ကွင်းလယ်ကစားသမားဟာ ပြီးခဲ့တဲ့လတုန်းက ၂၀၂၀ ခုနှစ် ဒီဇင်ဘာလတုန်းက ကျူးလွန်ခဲ့တဲ့ ဗလက္ကာယမှုသစ် ၂ ခုဖြင့် ထပ်မံ အမှုဖွင့် ခံခဲ့ရတာလည်း ဖြစ်ပါတယ်။

သူဟာ ပြီးခဲ့တဲ့နှစ်ကတည်းက ဗလက္ကာယမှု ၅ မှု၊ လိင်ပိုင်းဆိုင်ရာ အနိုင်ကျင့်မှု ၁ မှုတို့ဖြင့် ရပ်ဆိုင်ခဲ့ရတာပါ။

သောမတ်စ်ပါတေးဟာ Westminster Magistrates' Court တွင် ပြုလုပ်တဲ့ ဗလက္ကာယမှုသစ် ၂ မှု စွဲချက်အား ကြားနာမှုကို တက်ရောက်ခဲ့ခြင်း မရှိဘဲ ကိုယ်စားအဖြစ် ရှေ့နေအမ်မာဖန်းက တက်ရောက်ခဲ့ပါတယ်။

ရှေ့နေအမ်မာဖန်းက သောမတ်စ်ပါတေးမှာ အမှုသစ် ၂ ခုလုံးအား ကျူးလွန်ခဲ့ခြင်း မရှိကြောင်း ငြင်းဆိုထားပါတယ်။

ယင်းအမှုများအား နောက်ထပ် တရားရုံးကြားနာစစ်ဆေးမှုအဖြစ် ဧပြီလ ၁၀ ရက်နေ့တွင် ထပ်မံ ပြုလုပ်သွားပါမယ်။

ရဲတပ်ဖွဲ့ဝင်များဟာ ယခင် ဗလက္ကာယမှုများ စွပ်စွဲမှုများကို ၂၀၂၁ ခုနှစ်နှင့် ၂၀၂၂ ခုနှစ်အတွင်း ကျူးလွန်ခဲ့တယ်လို့ တိုင်ချက်များ ရရှိကာ စုံစမ်းစစ်ဆေးမှုများ ပြုလုပ်ပြီးနောက် ပြီးခဲ့တဲ့နှစ် နိုဝင်ဘာလတွင် စွဲချက်တင်ခဲ့ပါတယ်။

ပါတေးဟာ ဗလက္ကာယမှု ၈ မှုဖြင့် အမှုရင်ဆိုင်နေရပေမယ့်လည်း အာမခံဖြင့် လွတ်မြောက်နေပါတယ်။

image